ဘိုးရင်း 737 MAX လေယာဉ်

June 30, 2020

ဘိုးရင်း 737 MAX လေယာဉ် ပြန်လည်စမ်းသပ်ပျံသန်း

ဘိုးရင်းကုမ္ပဏီထုတ် 737 MAX လေယာဉ်တစ်စီးဟာ ပြန်လည်စမ်းသပ်ပျံသန်းမှု ပထမဆုံးနေ့အဖြစ် ဇွန် ၂၉ ရက်က ဆီယက်တယ်ဧရိယာ လေယာဉ်ကွင်းနေ  စတင်ပျံသန်းခဲ့ပါတယ်။  ကမ္ဘာတဝန်း 737 MAX လေယာဉ်ပျံသန်းမှုတွေကို ရပ်နားထားပြီး ကုမ္ပဏီရဲ့ အဆိုးဆုံး အကျပ်အတည်းကာလမှာ အခုလို ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းတာက အရေးပါတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ စမ်းသပ်ပျံသန်းတဲ့ ဘိုးရင်းလေယာဉ်အမှတ် 701 ဟာ ဘိုးရင်းကွင်းလို့ လူသိများတဲ့  ကင်းကောင်တီလေဆိပ်ကနေ စတင်ပျံတက်ပြီး နောက်နှစ်နှာရီအကြာမှာ ဝါရှင်တန်အရှေ့ပိုင်း မော့ဆက် လိတ်လေဆိပ်ကို ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီနောက် လေယာဉ်ဟာ မော့ဆက်လိတ်လေဆိပ်ကနေ ဆီယက်တယ်မြို့ဆီ ပြန်ဆင်းသက်မှာ ဖြစ်ပါတယ်။  ဘိုးရင်း 737 MAX လေယာဉ်စမ်းသပ်ပျံသန်းတဲ့ သတင်းကြောင့် ဘိုးရင်းရှယ်ယာ ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၁၉၀ ဒသမ ၄၅ နဲ့ ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
11 months Ago
Up