ဘိုးရင်း 737 Max

A d v e r t i s e m e n t With Us

November 17, 2020

ဘိုးရင်း 737 MAX လေယာဉ်ပျံသန်းခွင့် ပြန်ရရှိ

ပျံသန်းမှု ရပ်နားထားရတဲ့ 737 MAX လေယာဉ်ပျံသန်းခွင့်ကို ဘိုးရင်းကုမ္ပဏီက နိုဝင်ဘာလ ၁၈ ရက်မှာ ပြန်လည်ရရှိမှာပါ။ ဒါပေမဲ့လည်း အမေရိကန်ကုမ္ပဏီ ဘိုရင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဥရောပက ထပ်မံစည်းကြပ်တဲ့ သွင်းကုန်ခွန် အသစ်တွေကို ရင်ဆိုင်နေရပါတယ်။  ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ FAA က 737MAX ရဲ့ ပြင်ဆင်မှုတွေကို နောက်ဆုံး သုံးသပ်နေပြီး နိုဝင်ဘာ ၁၈ ရက်မှာ ပျံသန်းခွင့်တားမြစ်မိန့်ကို ဖယ်ရှားသွားမှာပါ။  တခြားကမ္ဘာ့လေကြောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက လေယာဉ်တွေ ပျံသန်းမှု ပြန်စဖို့ ကြိုးပမ်းလာချိန်မှာ FAA က အခုလို ဆုံးဖြတ်လိုက်တာပါ။ MAX လေယာဉ်ပျက်ကျမှု နှစ်ခုမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့  အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်တချို့ကတော့ MAX လေယာဉ်စစ်ဆေးမှုရဲ့ အဓိက အချက်အလက်တွေကို ထုတ်ပြန်ဖို့ FAA ကို တိုက်တွန်းထားပါတယ်။
3 months Ago

December 17, 2019

ဘိုးရင်း 737 Max လေယာဉ်ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းမည်

ဘိုးရင်း 737 MAX လေယာဉ်တွေထုတ်လုပ်မှုကို လာမယ့် ဇန်နဝါရီလမှာ ခေတ္တရပ်ဆိုင်းမှာ ဖြစ်တယ်လို့ ကုမ္ပဏီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ အကြောင်းကတော့ ဘိုးရင်းရဲ့ အရောင်းရဆုံး MAX လေယာဉ်တွေကို ပျံသန်းခွင့် ပိတ်ပင်တာဟာ လာမယ့် ၂၀၂၀ အထိ ဆက်ဖြစ်ဖွယ်ရှိလို့ပါ။ ဒီလို ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းတဲ့ ကာလမှာ ဝန်ထမ်းတွေ လျှော့ချတာမျိုးရှိမှာ မဟုတ်ဘူးလို့လည်း နောက်သတင်းရင်းမြစ်တခုက ဆိုပါတယ်။ ၂၀၂၀ မတိုင်ခင် MAX လေယာဉ်တွေကို ပျံသန်းမှာကို  ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (FAA) က သဘောမတူခဲ့တဲ့နောက်မှာ ဘိုးရင်း 737 MAX ထုတ်လုပ်မှုကို ခေတ္တရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘိုးရင်းကုမ္ပဏီက ချက်ချင်း မှတ်ချက်ပြုပြောတာ မရှိပေမယ့်  မကြာခင် ကြေညာချက်ထုတ်မယ်လို့ မျှော်လင့်ရပါတယ်။
1 year Ago
Up