ဘိုးရင်းလေယာဉ်ဒီဇိုင်း

October 26, 2019

Lion Air လေယာဉ်ပျက်ကျမှု ဘိုးရင်းလေယာဉ်ဒီဇိုင်းကြောင့်ဟု အင်ဒိုနီးရှားပြော 

လူ ၁၈၉ ယောက် သေဆုံးတဲ့ အင်ဒိုနီးရှား Lion Air လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုဟာ ဘိုးရင်းလေယာဉ်ဒီဇိုင်းကြောင့် ဖြစ်တယ်လို့ အင်ဒိုနီးရှား စုံစမ်းရေးမှူးတွေက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။  လေယာဉ်ဦးကို အလိုလျောက် ထိုးကျစေပြီး လေယာဉ်မှူးတွေအနေနဲ့ အတင်းအကျပ် လိုက် ထိန်းချုပ်ရတဲ့ MCAS စနစ်ကို လေယာဉ်ပျက်ကျရတဲ့အကြောင်း စုံစမ်းနေတဲ့ အင်ဒိုနီးရှား စုံစမ်းရေးမှူးတွေက ဝေဖန်လိုက်ပါတယ်။ လေယာဉ်အမှုထမ်းတွေရဲ့  ဆက်သွယ်ရေးနဲ့ လေယာဉ်ထိန်းချုပ်ရေးပိုင်း လိုအပ်ချက်တွေ နဲ့ လေယာဉ်မှူးခန်းထဲက သတိပေးချက်နဲ့ အနှောင့်အယှက်တွေဟာ   လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်း ဖြစ်တယ်လို့လည်း လေယာဉ်ပျက်ကျမှု စုံစမ်းရေး  အစီရင်ခံစာမှာ ဆိုထားပါတယ်။    ရှုပ်ထွေးလှတဲ့ ကွင်းဆက်ဖြစ်စဉ်တွေကြောင့် လေယာဉ်ပျက်ကျရတယ်လို့  စုံစမ်းရေးမှူး နာကာယို အော်တိုမိုက ပြောခဲ့ပြီး အကြောင်းရင်း တခုတည်းကြောင့် ဖြစ်ရတယ်ဆိုတဲ့အချက်ကို သူက ထပ်တလဲလဲ ငြင်းဆိုခဲ့ပါတယ်။  အင်ဒိုနီးရှား Lion Air လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုဟာ အီသီယိုးပီးယား လေကြောင်းလိုင်း လေယာဉ်ပျက်ကျပြီး ၅ လအတွင်းမှာ ဖြစ်ခဲ့ပြီး အဲဒီလေယာဉ်ပျက်ကျမှု  နှစ်ခုကြောင့် တကမ္ဘာလုံးမှာ Boeing 737 MAX လေယာဉ်ပျံသန်းတာတွေကို ရပ်နားထားပါတယ်။
2 years Ago
Up