ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားပြည်နယ်ရဲ့ မြို့တော် ကီမီရိုဗိုရှိ ဘိုးဘွား ရိပ်သာတခုမှာ ဒီဇင်ဘာ ၂၃ ရက်က မီးလောင်ကျွမ်းပြီး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း Tass သတင်းဌာနက အရေးပေါ်ဌာနတွေကို ကိုးကားပြီး ထုတ်လွှင့်သွားပါတယ်။
လူအယောက် ၂၀ လောက်နေထိုင်တဲ့ အဆောက်အဦတလုံးရဲ့ ဒုတိယထပ် တထပ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်းလည်း မီးဘေးလုံခြုံရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံတဝန်းမှာ မှတ်ပုံမတင်ထားတဲ့ ဘိုးဘွားရိပ်သာတွေ အများအပြားရှိနေပြီး အဲဒီရိပ်သာတွေဟာ ပုဂ္ဂလိကပိုင် အဆောက်အအုံအဖြစ် တရားဝင် သတ်မှတ်ခံရတာကြောင့် စစ်ဆေးလို့မရနိုင်ဘူးလို့ဆိုပါတယ်။