သမားရိုးကျ ဘွဲ့နှင်းသဘင်အခမ်းအနား မကျင်းပနိုင်တဲ့ ယူအေအီးမှာ ကနေဒါ တက္ကသိုလ်တစ်ခုက တမျိုးတမည် အဆန်းထွင်ပြီး ဘွဲ့ရမောင်မယ်တွေရဲ့ ဓာတ်ပုံတွေကို နာမည်ကျော် ဘို့ခ်ခါလီဖာ မျှော်စင်ထက်မှာ ဇွန်လ ၅ ရက်က ဂုဏ်ပြုပြသခဲ့ပါတယ်။
ကမ္ဘာ့အမြင့်ဆုံး မျှော်စင် အဆောက်အအုံကြီးမှာ ဂုဏ်ပြုပြသတဲ့ ပုံရိပ်တွေကို ဘွဲ့ရမောင်မယ်တွေက မျှော်စင်အောက်ခြေကနေ လာရောက် စုဝေး ကြည့်ရှုခဲ့ပါတယ်။
ကနေဒါတက္ကသိုလ်ကနေ ဗိသုကာဘွဲ့ရခဲ့သူ တစ်ဦးကလည်း ဘို့ခ်ခါလီဖာ မျှော်စင်ကြီးမှာ သူ့ဓာတ်ပုံကို မြင်တွေ့ရတာကြောင့် အလွန်တရာ ဂုဏ်ယူတယ်လို့ ပြောဆိုပါတယ်။
နောက်ဘွဲ့ရတဦးကလည်း ဒါဟာ ခက်ခဲတဲ့ကာလကို ကျော်ဖြတ်နေရပေမယ့် ကြံ့ကြံ့ခံ နိုင်တယ်ဆိုတဲ့ သတင်းစကားကို ပါးလိုက်တာပဲလို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့လေယာဉ်နဲ့ခရီးသည် အဝင်အထွက်များဆုံး လေဆိပ်ရှိပြီး ဒေသတွင်း ခရီးသွား လုပ်ငန်းနဲ့ စီးပွားရေးဗဟိုချက်မဖြစ်တာကြောင့် ဒူဘိုင်းရဲ့ စီးပွားရေးဟာလည်း ကိုရိုနာဗိုင်း ရပ်စ်ကြောင့် အတော်လေး အထိနာခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီဘွဲ့ရ မောင်မယ်တွေကတော့ လော့ဒေါင်းကန့်သတ်ချက်တွေ ဖြေလျှော့တာနဲ့ မကြာခင် ပုံမှန်အခြေအနေကို ပြန်ရောက်သွားမယ်လို့ မျှော်လင့်နေကြပါတယ်။
9 months Ago