ဘိုလီးဗီးယား သံတမန်

A d v e r t i s e m e n t With Us

December 19, 2019

ကိုကင်းသယ်ဆောင်လာသည့် ဘိုလီးဗီးယားသံတမန်ဟောင်းကို အာဂျင်တီးနားဖမ်းဆီး 

ကားနောက်ခန်းအတွင်း ကိုကင်း ၈ ကီလိုနီးပါး ဝှက်သယ်ဆောင်မှုနဲ့ ဘိုလီးဗီးယား သံတမန်ဟောင်းတဦးကို အာဂျင်တီးနားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဒီယေဂိုဗေဂါအီဘရာဆိုတဲ့ ဘိုလီးဗီးယား ကောင်စစ်ဝန်ဟောင်းကို အာဂျင်တီးနားနိုင်ငံ  ဆာလ်တာမြို့မှာ ဒီဇင်ဘာ ၁၇ ရက်က ဖမ်းဆီးခဲ့တာပါ။ ဒီယေဂိုဗေဂါကို အရင်ဘိုလီးဗီးယားသမ္မတ မိုရာလက်စ် လက်ထက်က ခန့်အပ်ခဲ့ပြီး လောလောဆယ် သူဟာ အာဂျင်တီးနားနိုင်ငံမှာ ရှိနေသလို ဘိုလီးဗီးယား သမ္မတဟောင်း မိုရာလက်စ်ဟာလည်း အာဂျင်တီးနားမှာ ခိုလှုံနေပါတယ်။ ဘိုလီးဗီးယား-အာဂျင်တီးနား နယ်စပ်မှာ အာဂျင်တီးနား အာဏာပိုင်တွေက ဒီယေဂိုဗေဂါရဲ့  ကားကို မသင်္ကာလို့ရပ်ခိုင်း ရှာဖွေရာကနေ ကိုကင်းတွေကို တွေ့ခဲ့တယ်လို့ ဘိုလီးဗီးယား အာဏာပိုင်တွေက  ပြောခဲ့ပါတယ်။  တွေ့ရှိတဲ့ ကိုကင်း ကာလပေါက်ဈေးဟာ အမေရိကန်ဒေါ်လာ ၂ သိန်းထက်မနည်း ရှိတယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၁၉ ကမ္ဘာ့မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံများ အစီရင်ခံစာအရ ကိုလံဘီယာ၊ ပီရူးနိုင်ငံတွေနဲ့အတူ ဘိုလီးဗီးယားဟာလည်း လက်တင်အမေရိကနိုင်ငံတွေထဲမှာ  ကိုကင်းအ များအပြား ထုတ်လုပ်ရာနိုင်ငံတခု ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago
Up