ဘိုလီးဗီးယား ကလပ် ဘတ်စ်ကား မီးလောင်

December 22, 2015

ဘိုလီးဗီးယား ကလပ် ဘတ်စ်ကား မီးလောင် (ရုပ်သံ)

ဘိုလီးဗီးယား ဂျော့ဝင်စတာမန်ကလပ် အသင်းက ကစားသမားနဲ့ အဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကား မီးလောင်သွားပါတယ်။ ဒီဇင်ဘာ ၂၀ ရက်က အူရှုးမြို့ကို သွားရောက်ပြီး ဘောလုံးကစားရာမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တဦးတယောက်မှ ထိခိုက် ဒဏ်ရာမရဘူးလို့ ဒေသခံ သတင်းတွေက ပြောပါတယ်။ ကစားသမား တဦးရိုက်ယူထားတဲ့ ရုပ်သံဖိုင်မှာတော့ မီးသတ်တပ်ဖွဲ့တွေက မီးတောက်တွေကို ကြိုးစား ငြိမ်းသတ်နေသလို ကစားသမားတွေကလည်း ယာဉ်ပေါ်ကနေ ဘေးကင်းလုံခြုံ ဆင်းသက်နိုင်ခဲ့ပါတယ်။ ကားနောက် အင်ဂျင်ထဲက မီးခိုးတွေ ထွက်လာတာကို ကစားသမားတွေက သတိထားမိခဲ့သလို လိုက်ပါစီးနင်းသူတွေက ကားကို စွန်ခွာခဲ့ပါတယ်။ ကားဟာ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီပိုင်ဖြစ်ပြီး ကလပ်အသင်းက ငှားယူခဲ့တာ ဖြစ်ပါတယ်။ အူရှုးမြို့ကို သွားရောက်ပြီး ဆန်ဂျိုးဒီအူရှုးအသင်းနဲ့ ဘိုလီးဗီယား ချန်ပီယံအတွက် ကစားဖို့ သွားရောက်ရာမှာ ဆိုရိုကာချီမြို့ အနီးက အဝေးပြေးလမ်းမပေါ်မှာ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်နေသလို မီးကြောင့် ကားတစီးလုံး လောင်ကျွမ်းသွားပါတယ်။
6 years Ago
Up