ဘိုလီးဗီးယားသမ္မတဟောင်း အီဗိုမိုရာလက်စ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ကုသမှု ခံယူနေတယ်လို့ မိုရာလက်စ်ရဲ့ ရုံးက ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မိုရာလက်စ်ရဲ့ ရောဂါလက္ခဏာ နဲ့ ပတ်သက်လို့ အသေးစိတ်ထုတ်ပြန်တာ မရှိဘဲ သူ့အခြေအနေဟာ တည်ရှိမှု ရှိတယ်လို့ပဲ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ကိုချာဘန်ဘာမြို့မှာ သမ္မတဟောင်းမိုရာလက်စ်နဲ့ ကိုကာစိုက်တောင်သူတွေ အဖွဲ့လိုက် အစည်းဝေးလုပ်ခဲ့ပါတယ်။
နှစ်ကုန် အားလပ်ရက် ပိတ်ရက်တွေပြီးနောက် ဘိုလီးဗီးယားနဲ့ အိမ်နီးချင်း ပီရူးက ဆေးရုံတွေရဲ့ အရေးပေါ် ကုသဆောင်တွေဟာ မနိုင်မနင်းနီးပါး ဖြစ်ခဲ့ပါတယ်။
လက်တင်အမေရိကနိုင်ငံ အတော်များများက ကိုဗစ်ကာကွယ်ဆေး အလုံအလောက် ရအောင် ရုန်းကန်နေရတာကြောင့် ဒေသတွင်း ကျန်းမာရေး ပြဿနာနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ဘိုလီးဗီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း တစ်သိန်း ခုနှစ်သောင်းကျော် နဲ့ သေဆုံးသူ ကိုးထောင့်လေးရာကျော် ရှိတယ်လို့ ရိုက်တာက တင်ပြပါတယ်။
1 month Ago