ဘိုလီးဗီးယားနဲ့ မက္ကဆီကို နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ဆိုးရွားနေချိန် ဇန်နဝါရီ ၁၅ ရက်က ဘိုလီးဗီးယားရဲတပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ မက္ကဆီကိုသံရုံးအနီးမှာ လုံခြုံရေးယူခဲ့ရပါတယ်။
ဘိုလီးဗီးယားသမ္မတဟောင်း မိုရာလက်စ်အစိုးရအဖွဲ့ဝင်တွေကို မက္ကဆီကိုက ခိုလှုံခွင့်ပေးတာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေတာပါ။ မက္ကဆီကိုက ခိုလှုံခွင့်ပေးထားသူတချို့ကို လက်ရှိ ဘိုလီးဗီးယားအစိုးက အလိုရှိနေပါတယ်။
ခိုလှုံခွင့်ပေးတဲ့ မက္ကဆီကို အစိုးရဆုံးဖြတ်ချက်ကို အကြောင်းပြုပြီး မက္ကဆီကို သံရုံးဝန်ထမ်းတွေကို ဘိုလီးဗီးယားအာဏာပိုင်တွေက နှောင့်ယှက်တာ၊ ခြောက်လှန့်တာတွေ လုပ်ခဲ့ တယ်လို့ မက္ကဆီကိုက ပြောပါတယ်။
ဘိုလီးဗီးယားအစိုးရကတော့ အနီးဝန်းကျင်မှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ တွေ့တယ်ဆို တဲ့ တိုင်တန်းချက်တွေကြောင့် မက္ကဆီကိုသံရုံးအနီး ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိခဲ့တာဖြစ်ပြီး လုံခြုံရေး ခြိမ်းခြောက်မှုတွေကို မတွေ့တာနဲ့ တပြိုင်နက် ရဲတပ်ဖွဲ့ဝင်တွေ ထွက်ခွာသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘိုလီးဗီးယားသမ္မတဟောင်း မိုရာလက်စ်ဟာလည်း ရာထူးကနေ နုတ်ထွက်ပြီးနောက် မက္ကဆီကိုကို ထွက်ပြေးခဲ့ပါတယ်။
မက္ကဆီကိုသမ္မတက သူ့ကိုခိုလှုံခွင့်ပေးခဲ့တာကြောင့် မိုရာလက်စ်ရဲ့ ပြိုင်ဘက် လက်ရှိ ဘိုလီးဗီးယားကြားဖြတ် သမ္မတ ဂျန်နင်း-အန်းနက်စ်နဲ့ မက္ကဆီကိုတို့အကြား ဆက်ဆံရေး ဆိုးရွားနေပါတယ်။
1 year Ago