ဘိုလီးဗီးယားနိုင်ငံ

June 23, 2020

ဘိုလီးဗီးယားနိုင်ငံတွင် ရေကြီးမှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်း

ဘိုလီးဗီးယားနိုင်ငံ၊ စန်တာခရုဇ်ဒေသက လူနေရပ်ကွက်တွေမှာ ရေကြီးနေလို့ ဒေသခံတွေ ရေလွတ်ရာ ကုန်းမြေတွေမှာ ရှာဖွေပြောင်းရွှေ့ ခိုလှုံနေကြရပါတယ်။ လမ်းပေါ်မှာ ရေက လူကြီးခါးလောက်ထိ မြင့်တက်နေလို့ မိဘတွေက ကလေးတွေကို ကျောပိုးပြီး သွားလာနေပုံကိုလည်း တွေ့ရပါတယ်။ ဒေသခံတွေကို ဈေးနားက ဘေးလွတ်ရာ ရွှေ့ထားသလို စစ်သားတွေကလည်း မိသားစုတွေ ရွှေ့ပြောင်းတာ ကူညီဖို့ တပ်ချပေးထားပါတယ်။ ဒေသခံတွေက လူတယောက်ကို ရေထဲကဆယ်ပြီး အသက်ရှူ အားကူနည်းနဲ့ အသက်ရှင်အောင် လုပ်ပေးနေတဲ့ ရုပ်သံကို ရိုက်တာသတင်းဌာနက ဇွန် ၂၃ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ လတ်တလော မိုးရွာနှုန်းက ၁ စတုရန်းမီတာမှာ မိုးရေချိန် ၁၀ စင်တီမီတာထိ ရွာနေတယ်လို့ ဒေသန္တရအရာရှိတွေက မှတ်တမ်းတင်ထားပါတယ်။ သေဆုံးသူ အရေအတွက်ကို အာဏာပိုင်တွေက အတည်မပြုရသေးပါဘူး။
12 months Ago

December 12, 2019

ဘိုလီးဗီးယားက အမေရိကန်နှင့်အစ္စရေးကို ဗီဇာကင်းလွတ်ခွင့်သက်တမ်း ထပ်တိုးပေးမည်

ဘိုလီးဗီးယားနိုင်ငံဟာ အမေရိကန်နဲ့ အစ္စရေးနိုင်ငံသားတွေကို ခရီးသွားဗီဇာကင်းလွတ်ခွင့်ကာလ သက်တမ်းထပ်တိုးပေးသွားမယ်လို့ ကြားဖြတ်သမ္မတ ဂျနီအာနက်က ဒီဇင်ဘာ ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။  ဘိုလီးဗီးယားအစိုးရဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကစလို့ အမေရိကန်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်စပြီး ခွင့်ပြုခဲ့တာဖြစ်ပြီး အစ္စရေးနိုင်ငံသားတွေကိုတော့ ပြီးခဲ့တဲ့ ၅ နှစ်က စထုတ်ပေးခဲ့တာပါ။  သမ္မတဟောင်း မိုရာလက်စ် လက်ထက်မှာတော့ ဘိုလီးဗီးယားဟာ အမေရိကန်၊ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး တင်းမာခဲ့ပါတယ်။  ဒါပေမယ့် ကြားဖြတ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ကတည်းက ဂျနီအာနက်ဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ နိုင်ငံရေးမဟာမိတ်အဖြစ် လက်တွဲဖို့ ကြိုးစားနေတာပါ။  ပြီးခဲ့တဲ့လနှောင်းကပိုင်းက ဂျနီအာနက်ဟာ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်စာ ရင်းတင်သွင်းထားတဲ့ ဝေလ်တာအော်စကာဆီရာတီကွယ်လျာကို အမေရိကန်အထူးအဖွဲ့ ဆိုင်ရာ သံတမန်အဖြစ် ယာယီခန့်အပ်လိုက်ပါတယ်။  အဲဒီရာထူးဟာ ဘိုလီးဗီးယားနိုင်ငံမှာ ၂၀၀၈ ခုနှစ်ကတည်းက ပထမဆုံး ခန့်အပ်လိုက်တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 
2 years Ago
More News
Up