ဘိုလီးဗီးယားတွင် မိုးဆက်တိုက်ရွာမှုကြောင့် လူထောင်နှင့်ချီ ရေကြီးမှုဒဏ် ခံနေရ

February 6, 2018

ဘိုလီးဗီးယားတွင် မိုးဆက်တိုက်ရွာမှုကြောင့် လူထောင်နှင့်ချီ ရေကြီးမှုဒဏ် ခံနေရ

ဘိုလီးဗီးယားနိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ မိုးဆက်တိုက်ရွာမှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အထိ ထောင်နဲ့ချီတဲ့လူတွေ ရေကြီးမှုဒဏ် ခံနေရပါတယ်။ တရားဝင်စာရင်းဇယားတွေအရ မိုးရာသီစတည်းက အိုးအိမ်မဲ့သွားတဲ့ အိမ်ထောင်စု ၅၀၀၀ နီးပါးအထိ ရှိနေပါတယ်။ အရပ်ဘက်ကာကွယ်ရေးအဖွဲ့တွေဟာ အာဂျင်တီးနားနယ်စပ်နားက တာရီခါမြို့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့က ရေဘေးသင့်သူတွေကို အစားအစာတွေ အကူအညီပေးခဲ့သလို ဒေသခံတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ပိုတိုဆီမြို့မှာတော့ မြို့ခံတွေဟာ ရေမြုပ်နေတဲ့ အိမ်တွေထဲကနေ ပစ္စည်းတွေကို ပြန်ဆယ်ဖို့ အခက်တွေ့နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ လက်ရှိ ရေကြီးမှုဟာ ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်နေပေမယ့် ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ တပ်ဖွဲ့တွေကို စေလွှတ်သွားမယ်လို့ ဘိုလီးဗီးယား အာဏာပိုင်တွေက ပြောပါတယ်။ လာမယ့်ရက်ပိုင်းတွေအတွင်း နိုင်ငံမြောက်ပိုင်း ဒေသတွေမှာ ရေကြီးမှုဒဏ် ပိုခံလာရနိုင်တယ်လို့ အရေးပေါ်အခြေအနေဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
4 years Ago
Up