ဘိုလီးဗီးယားနိုင်ငံ ကိုချာဘမ်ဘာမြို့မှာ ပိုလန်နိုင်ငံသူအမျိုသမီးကို သတ်ဖြတ်ခဲ့မှုနဲ့ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်ကြာင်း ဘိုလီးဗီးယားရဲတပ်ဖွဲ့က ဇန်န၀ါရီ ၂၆ ရက်က ကြေညာလိုက်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဟယ်လင်နာကမီးယဲစ် ဆိုသူဟာ ကိုချာဘမ်ဘာမြို့ရှိ ပိုလန်သီလရှင်တွေ ဖွင့်ထားတဲ့ ကလေးသူငယ်စောင့် ရှောက်ရေးဂေဟာမှာ အလုပ်လုပ်ဖို့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ရောက်ရှိလာခဲ့ပါတယ်။
အဲဒီနောက် ဓါးမြနှစ်ဦးရဲ့ မသေမချင်း ဓားနဲ့ထိုးသတ်တာကို ခံခဲ့ရကြောင်း ဥရောပရှိ ဗာတီကန်နန်းတော်က သတင်းထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲအရာရှိတစ်ဦးက “ဘာကြောင့် ဒီလိုသတ်ဖြတ်ခဲ့သလဲဆိုတာ ကျနော်တို့ ရှာဖွေပါမယ်။ ဓားပြတိုက်ရုံ သက်သက်လား၊ အဓမ္မကျင့်မှုလားဆိုတာ ရှာဖွေပါမယ်”လို့ ပြောပြသွားပါတယ်။
ကလေးသူငယ် စောင့်ရှောက်ရေးစန်တာမှာ အလုပ်လုပ်သူ စစ္စတာတဦးကတော့ ဟယ်လင်နာဟာ စေတနာ့ဝန်ထမ်းအလုပ်လုပ်ဖို့ ဒီကိုရောက်လာတာပါလို့ ပြောပြသွားပါတယ်။
ဘိုလိးဗီးယား အစိုးရ၀န်ကြီးတဦးကတော့ “လူတချို့ဖမ်းထားပါတယ်။ စစ်ဆေးနေဆဲဖြစ်ပါတယ်။ အချက်အလက်ရရှိတဲ့အခါ ကျနော်တို့ သတင်းထုတ်ပြန်ပါမယ်။ အခုထိ သတင်းအချက်အလက် အတိအကျ မရသေးပါဘူး”လို့ ပြောကြား သွားပါတယ်။
ဘိုလီးဗီးယား ရဲတပ်ဖွဲ့ဟာ အခင်းစဖြစ်ချိန်ကတည်းက အခုသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တိတိကျကျ အသေးစိတ်သတင်ထုတ်ပြန်တာမျိုး မလုပ်ခဲ့ကြောင်း ဒီကနေ့ ရရှိတဲ့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
6 years Ago