ဘိုလီဗာငွေ

October 2, 2021

ဘိုလီဗာငွေ ဖောင်းပွမှုကို ဗင်နီဇွဲလားအစိုးရ ဖြေရှင်း

ဗင်နီဇွဲလားအစိုးရဟာ အောက်တိုဘာ ၁ ရက်က သူ့နိုင်ငံရဲ့ သုံးနှစ်အတွင်း ဒုတိယမြောက် ငွေကြေးပြန်လည် ပြင်ဆင်မှုအနေနဲ့ ဘိုလီဗာငွေကြေးမှ သုည ၆ လုံးကို ဖြတ်တောက်လိုက်ပါတယ်။ 

ဒါဟာ ငွေကြေးဖောင်းပွနှုန်း အလွန်မြင့်တက်နေခြင်းကို တုံ့ပြန်လိုက်တာဖြစ်ပြီး စာရင်းဇယား တွက်ချက်ရာမှာ ရိုးရှင်းလွယ်ကူစေတယ်လို့ ဆိုပေမဲ့ နိုင်ငံရဲ့ စီးပွားရေး အကြပ်အတည်းကို နည်းနည်းမှတောင် သက်သာစေတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 ဒီအစီအစဉ်ဟာ ကိန်းဂဏန်းကြီးကြီးတွေကို ကိုင်တွယ်စီမံဖို့ ရေရှည်မနိုင်မနင်း ဖြစ်လာတာ ကြောင့် စီးပွားရေးလုပ်ငန်းများနဲ့ ဘဏ်တွေမှာ လုပ်ကိုင်ရ ပိုမိုရိုးရှင်းစေတဲ့နည်းလမ်း ရှာတာလို့ လည်း ဆိုပါတယ်။

 ဗင်နီဇွဲလားနိုင်ငံရဲ့ တစ်နှစ်ထက်တစ်နှစ် ငွေကြေးဖောင်းပွမှုဟာ ၁ ဒသမ ၇၄၃ ရာခိုင်နှုန်း ရှိတယ်လို့ ဗင်နီဇွဲလားဘဏ္ဍာငွေကြေးလေ့လာရေးအဖွဲ့က ပြောပါတယ်။

 အနည်းဆုံးလုပ်ခလစာဟာ တလကို ၂ ဒသမ ၅၀ ဒေါ်လာသာ ရှိပါတယ်။ 

၂၀၁၈ ခုနှစ်က သမ္မတနီကိုးလပ်စ်မာဒူရိုအစိုးရဟာ စျေးနှုန်းမြင့်မားမှုကြောင့် ငွေကြေးမှ သုည ၅ လုံးကို ဖယ်ရှားခဲ့ပါတယ်။ 

ကွယ်လွန်သူသမ္မတ ဟူဂိုချားဗက်ဇ်ကတော့ ငွေဖောင်းပွနှုန်း ဂဏန်းတလုံးထဲသာ ဖြစ်ရမယ်ဆိုတဲ့ မအောင်မြင်ခဲ့တဲ့ ကတိစကားနဲ့အတူ ဘိုလီဗာငွေကြေးမှ သုညသုံးလုံးကို နုတ်ခဲ့ပြီး တာ ဆယ်စုနှစ်ကျော်လာပါပြီ။ 

ဗင်နီဇွဲလားနိုင်ငံမှာ ပုံမှန်၀ယ်ယူမှုတွေအတွက် ဘိုလီဗာငွေကြေးကို အသုံးမပြု သလောက်ဖြစ်ပြီး စီးပွားဖြစ်ရောင်းဝယ်ခြင်းအတွက် အမေရိကန်ဒေါ်လာကိုသာ ကျယ်ကျယ်ပြန့်ပြန့်လက်ခံကြတာဖြစ်ပါတယ်။ 

မာဒူရိုရဲ့ ဆိုရှယ်လစ်အစိုးရကတော့ နိုင်ငံရဲ့စီးပွားရေးအကျပ်အတည်းတွေအတွက် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြစ်တင်ထားပြီး ဝေဖန်သူတွေကတော့ မက်ခရို စီးပွားရေးမူဝါဒတွေကို ၀င်ရောက်စွက်ဖက်သူတွေမှာ တာဝန်ရှိတယ်လို့ ပြောဆိုကြပါတယ်။  

3 weeks Ago
Up