ဘိုင်ယန်ဂိုးသမား နော်ယာ

A d v e r t i s e m e n t With Us

January 25, 2021

clean sheet စံချိန်တင် ရယူနိုင်ခဲ့သည့် ဘိုင်ယန်ဂိုးသမား နော်ယာ

ရှော်ကေးအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်ဂိုးသမား မန်နျူရယ်နော်ယာဟာ ဘွန်ဒက်လီဂါ ကစားသမားဘဝ ၁၉၇ ပွဲမြောက် ဂိုးမပေးရတဲ့ clean sheet စံချိန်ကို ရရှိခဲ့ပါတယ်။ 

အသက် ၃၄ နှစ်အရွယ်ဂိုးသမားဟာ ဘိုင်ယန်နဲ့ ဂျာမနီဂန္တဝင်ဂိုးသမားကြီး အိုလီဗာခန်း တင်ထားတဲ့စံချိန်ကို ၁၃ နှစ်အကြာမှာ ကျော်တက်နိုင်ခဲ့တာပါ။ ဒါပေမယ့် ခန်းက ဘွန်ဒက်လီဂါ ၅၅၇ ပွဲကစားပြီးချိန်မှာ စံချိန်ကိုရရှိခဲ့တာ ဖြစ်ပေမယ့် နော်ယာအတွက်တော့ ၄၂၃ ပွဲနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပါ။

နော်ယာဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၂၃ အထိ စာချုပ်သက်တမ်းတိုးထားခဲ့သူဖြစ်ပြီး သူ့ရဲ့ ၁၀ ရာသီမြောက် ဘိုင်ယန်ကစားသမားဘဝကို ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။

  ဒီကိစ္စနဲ့ပတ်သက်လို့ ခန်းကရော ဘယ်လိုထင်နေလိမ့်မလဲလို့ မေးမြန်းခဲ့ရာမှာ နော်ယာက သူက ဒီနေရာမှာ ရပ်နေမယ့် လူမဟုတ်ကြောင်းနဲ့ ခန်းကလည်း သူ့တို့အားလုံးအတွက် ပျော် ရွှင်နေမယ်လို့ထင်ကြောင်း ဟာသလုပ်ပြောဆိုခဲ့ပါတယ်။ 

ပွဲနဲ့ပတ်သက်ပြီးလည်း နော်ယာက ဘိုင်ယန်အသင်းအနေနဲ့ ပထမပိုင်းမှာတင် ၁ ဂိုးထက်ပိုပြီး သွင်းယူထားနိုင်ခဲ့သင့်တယ်လို့ ပြောပါတယ်။ 

ဒီပွဲမှာ သောမတ်စ်မူလာက ၂ ဂိုးသွင်းကာ လီဝန်ဒေါစကီးနဲ့ ဒေးဗစ်အလာဘာတို့က  ၁ ဂိုးစီ သွင်းယူခဲ့ပါတယ်။ ဒီပွဲကြောင့် ဘိုင်ယန်အသင်းဟာ လိဂ်ပွဲစဉ် ၃ ပွဲဆက်အနိုင်ရရှိခဲ့ပြီး ဒုတိယရောက လိုက်ပစ်ဇ်အသင်းကို ၇ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။

“အော့ဘတ်စ်နဲ့ပွဲမှာလိုပဲ ကျနော်တို့ ပထမပိုင်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းတာက ကျနော်တို့ ၁ ဂိုးတည်းနဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲပြီးချိန်အထိ တိုက်ပွဲဝင်ခဲ့ရတာကြောင့် ဒီပွဲက  အော့ဘတ်စ်ပွဲထက်ပိုပြီး ခက်ခဲခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကျနော်တို့ ဂိုးတွေရရှိခဲ့ပြီး ဂိုးရနိုင်ချေရှိတဲ့အခွင့်အရေးတွေလည်း ရခဲ့ပါတယ်” လို့ နော်ယာက ပြောပါတယ်။

1 month Ago
Up