အမေရိကန်သမ္မတအဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်တဲ့ ဇန်နဝါရီ ၂၁ ရက်မှာ ဂျိုးဘိုင်ဒင်က ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး အစီအမံသစ်တွေကို ကြေညာခဲ့ပါတယ်။
အရင် သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်က ကိုဗစ်-၁၉ တိုက်ဖျက်ရေး အစီအစဉ်ကို ပြည်နယ်တစ်ခုချင်း တာဝန်ပေးထားတာကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မူဝါဒဟာကွက်တွေ ရှိခဲ့ပါတယ်။
အိမ်ဖြူတော်အခမ်းအနားမှာ သမ္မတသစ် ဘိုင်ဒင်က ကာကွယ်ဆေး ဖြန့်ချိရေးအပိုင်းဟာ အခုထက်ထိ အားနည်းချက်တွေ ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘိုင်ဒင် လက်မှတ်ရေးထိုးတဲ့ သမ္မတအမိန့်တွေအရ ကိုဗစ်-၁၉ ပိုးရှိမရှိ စစ်ဆေးမှု တိုးမြှင့် လုပ်ဆောင်ဖို့ ကိုဗစ်စမ်းသပ်ရေး ဘုတ်အဖွဲ့ကို တည်ထောင်သွားမှာ ဖြစ်ပါတယ်။
နောက်ပြီး ကာကွယ်ဆေးထောက်ပို့ရေး အစီအစဉ်လျှော့ကျတာတွေကို ဖြေရှင်းဖို့၊ နိုင်ငံတကာ ခရီးသွားတွေအတွက် လုပ်ငန်းစဉ်တွေ ချမှတ်ဖို့နဲ့ အထိနာနေတဲ့ လူနည်းစု အသိုက်အဝန်းတွေဆီ ရင်းမြစ်တွေ တိုက်ရိုက်ပေးပို့ဖို့ ပါဝင်ပါတယ်။
အမျိုးသားအစောင့်တပ်နဲ့ ပတ်သက်တဲ့ ကပ်ရောဂါတိုက်ဖျက်ရေး ကျန်ကျစရိတ်တွေကို ပြည်နယ်တွေနဲ့ လူမျိုးစုတွေကို ပြန်ပေးသွားဖို့ ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီကို သမ္မတသစ် ဘိုင်ဒင်က ညွှန်ကြားသွားမှာလည်း ဖြစ်ပါတယ်။
ပထမဆုံးသမ္မတ တာဝန်ထမ်းဆောင်တဲ့ ရက် ၁၀၀ အတွင်း ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း၁၀၀ ထိုးပေးသွားမယ်လို့ ဘိုင်ဒင်ဟာ ကတိပြုထားပါတယ်။
3 months Ago