ဘိုင်ယန်

March 10, 2019

ဘိုင်ယန်က ၀ု့စ်ဘက်ကို ၆ ဂိုးပြတ် ချေမှုန်း (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါမှာ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ ၀ု့စ်ဘက်ကို ၆ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို နာဘရီနဲ့ ဒုတိယဂိုးကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက ၃၇ မိနစ်မှာ သွင်းယူပါတယ်။ ဘိုင်ယန်က အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ တတိယဂိုးကို ၅၂ မိနစ်မှာ ရော်ဒီဂွတ်က အဝေးကစ်ကနေ သွင်းယူပါတယ်။ ၄ ဂိုးမြောက် ဂိုးကို ၇၆ မိနစ်မှာ သောမတ်စ် မူလာ၊ ၅ ဂိုးမြောက်ဂိုးကို ကင်မစ်ခ်ျက သွင်းယူပါတယ်။ အပိတ်ဂိုးကို ရီဘာရီရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဘိုင်ယန်မြူးနစ်က ၅၇ မှတ်နဲ့ ဒုတိယနေရာက ဒေါ့မန်နဲ့ အမှတ်တူပေမယ့် ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပါတယ်။
2 years Ago

October 25, 2018

ဘိုင်ယန်အသင်းမှာ ပျော်ရွှင်နေဟု လီဝန်ဒေါစကီး ပြော

ဘိုင်ယန်မြူးနစ်အသင်းမှာ ပျော်ရွှင်နေတယ်လို့ တိုက်စစ်မှူး လီဝန်ဒေါစကီးက ပြောကြားလိုက်ပါတယ်။ လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းမှာ ခြေစွမ်းပျောက်ဆုံးခဲ့တုန်းက ရီးရဲလ်အသင်းနဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့်လည်း AEK အေသင်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂ ပွဲအတွင်းမှာ ၃ ဂိုး သွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဘိုင်ယန်အသင်းမှာပျော် ရွှင်နေပြီး အသင်းအနိုင်ရဖို့အတွက် အမြဲတမ်း ကြိုးပမ်းကစားတယ်လို့ ဆိုပါတယ်။ ဘိုင်ယန်လိုအသင်းအလို အမြင့်ဆုံးအဆင့်မှာ ကစားနေတဲ့ အသင်းတိုင်းမှာ ဖိအားရှိတတ်ပြီး အဲဒီဖိအားကိုလည်း ကျော်ဖြတ်သွားမယ်လို့ လီဝန်ဒေါစကီးကပြောပါတယ်။
3 years Ago
More News
Up