ဘိုကာကယ်ရီ

October 30, 2019

ပေါ့ဘာ နေရာအစားထိုးရန် ဘိုကာကယ်ရီကို မန်ယူ စိတ်ဝင်စားနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာ နေရာမှာ အစားထိုးနိုင်ဖို့အတွက် လိုင်လီလူငယ်ကြယ်ပွင့် ဘိုကာကယ်ရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက်၂၀ အရွယ်ပဲရှိသေးတဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် ဘိုကာကယ်ရီဟာ လိုင်လီအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေသူပါ။ အခုနှစ် ဘောလုံးရာသီမှာ လိုင်လီအသင်းရဲ့ ချန်ပီယံလိဂ်ဖလားပွဲစဉ်တွေမှာပါ ပွဲထွက်ခွင့်ရနေပြီး လိုင်လီအသင်းအတွက် ပွဲပေါင်း ၄၀ ကစားပေးထားပါတယ်။ သူ့ရဲ့ ကစားပုံကို ပေါ့ဘာနဲ့ ဆင်တူတယ်လို့ ချီးကျူးခံနေရတာပါ ။ ESPN ရဲ့ အဆိုအရ ဘိုဘာကယ်ရီဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ကြောင့် ယူနိုက် တက်အသင်းအနေနဲ့ ခေါ်ယူဖို့ လွယ်ကူနိုင်ဖွယ် ရှိနေပါတယ်။
2 years Ago
Up