ဘိုကလေး ကွာရန်တင်းစင်တာ

October 13, 2020

ဘိုကလေး ကွာရန်တင်းစင်တာ၌ အရက်ခိုးသောက်ပြီး Live လွှင့်ခဲ့သူ ၂ ဦးကို အမှုဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းမှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသား ၂ ဦးကို သက်ဆိုင်ရာက   သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။ ဒေသခံ အောင်ဇော်မိုးနဲ့ ဇော်ရှိန်းတို့ နှစ်ဦးဟာ ကွာရန်တင်းဝင်နေစဉ်အတွင်း အရက်ခိုးသောက်တာ၊ ကန့်သတ်နယ်မြေမှ ရပ်ကွက်အတွင်း ခိုးထွက်တာ၊ အခန်းတွင်း နေထိုင်သူတွေကို ရန်စ ပြဿနာရှာတာနဲ့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအပေါ်အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက မဟုတ်မမှန် ပြောဆိုပြီး လူမှုကွန်ရက်ကနေ  Live လွှင့်ခဲ့တဲ့အတွက် ကော်မတီကနေ သူတို့ ၂ ဦးကို အမှုဖွင့်ခဲ့တာပါ။ ကွာရန်တင်းစင်တာမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တဲ့အတွက် အမှုဖွင့်ခံထားရတဲ့  အောင်ဇော်မိုးနဲ့ ဇော်ရှိန်းတို့ဟာ  ရန်ကုန်ကနေ ပြန်လာသူတွေဖြစ်တာကြောင့် အောက်တိုဘာ ၁ ရက်နေ့က စတင် ကွာရန်တင်းဝင်နေရသူဖြစ်ပါတယ်။ အသွားအလာကန့်သတ်ခြင်းရက်ပြည့်ပါက ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒနဲ့ အရေးယူပေးဖို့  ဘိုကလေးမြို့မရဲစခန်းထံ တိုင်ကြား အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ သတင်း - ထူးထူး 
7 months Ago
Up