ဘိုကလေးဆေးရုံ

May 11, 2021

ဘိုကလေးဆေးရုံပြန်ဖွင့်ရန် ကြိုးပမ်းနေသူများကို ပြောက်ကျားအဖွဲ့က သတိပေး

ဧရာဝတီတိုင်း ဘိုကလေးမြို့ဆေးရုံကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေကြတဲ့ သူတွေကို ရှေ့ဆက်မတိုးဖို့ ဘိုကလေးပြောက်ကျား လူငယ်များအဖွဲ့က မေလ ၁၁ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

သတိပေးစာတွေကို ဆေးရုံဝင်းအတွင်း ဖြန့်ဝေတာ ဆေးရုံဆိုင်းဘုတ်ကို ဆေးနီတွေနဲ့ ရေးသားပြီး သတိပေးတာတွေ ပြုလုပ်ခဲ့တာပါ။

CDMဝန်ထမ်းတွေကို ဖိအားပေးပြီး ဆေးရုံပြန်ဖွင့်ဖို့ လုပ်ဆောင်နေတဲ့ ဆေးရုံဝန်ထမ်းတချို့ရဲ့  အသက် အိုးအိမ် စည်းစိမ်ကို အာမခံချက်မပေးဘူးလို့ လည်း ပြောက်ကျားလူငယ်အဖွဲ့ရဲ့ သတိပေးစာမှာ ဖော်ပြထားပါတယ်။

7 months Ago
Up