ဘိုကလေး

June 4, 2021

ဘိုကလေးမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ စစ်တပ်နှင့်ပေါင်းပြီး ခြိမ်းခြောက် ငွေတောင်း

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ ပူးပေါင်းကာ ရွာသားတွေဆီက ခြိမ်းခြောက်ငွေတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းကကုန်းကျေးရွာအုပ်ချုပ်ရေးမှူး လှမျိုးဦးက စစ်တပ်ကတပ်ကြပ်ကြီးအဆင့် စစ်သားတစ်ဦးကို  ရွာခေါ်လာကာ ခြိမ်းခြောက်ငွေတောင်းခံနေတာဖြစ်ပြီး ငွေကြေးတတ်နိုင်တဲ့အိမ်တွေဆိုရင် ကျပ် ၁ သိန်းကနေ ၅ သိန်းကြား တောင်ယူလေ့ရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။

" ဆန္ဒပြပွဲတွေမှာ လိုက်မိတဲ့ လူတွေကို အဖမ်းမခံချင်ရင် ပိုက်ဆံ ပေးရမယ်ဆိုပြီး ပြောတယ်။ မပေးနိုင်ရင် အမှုဖွင့်ပြီး ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေလုပ်တယ်''လို့ ဒေသခံတွေက ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ Comment ရေးမိတာကအစလိုက်ပြီး ပုဒ်မ ၅၀၅ က၊ ခ နဲ့ အမှုဖွင့်လို့ရတယ်ဆိုပြီး ခြိမ်းခြောက်ငွေတောင်းတာတွေကြောင့် မပေးနိုင်တဲ့ ရွာသားအချို့က ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

2 weeks Ago

May 20, 2021

ဘိုကလေးတွင် ဆရာ ဆရာမ ၂၀၀ နီးပါးကို အကြမ်းဖက်စစ်အုပ်စုက တာဝန်ကရပ်နား

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က  အာဏာဖီဆန်  CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဆရာ ဆရာမ အယောက် ၂၀၀  လောက်ကို အကြမ်းဖက်စစ်ကောင်စီက တာဝန်ကနေ ယာယီ ရပ်နားလိုက်ပါတယ်။

ဘိုကလေးမြို့နယ်အတွင်းက  အထက်တန်းပြ ၁၀ ဦးအပါဝင် စုစုပေါင်း ဆရာ ဆရာမ ၁၁၉ ယောက်ကို   မေလ ၇  ရက်ကစပြီး အလုပ်တာဝန်မှ  ရပ်ဆိုင်းလိုက်တာလို့ ဧရာဝတီတိုင်းပညာရေးမှူးရုံးက ထုတ်ပြန်ပါတယ်။

အဆိုပါ ဆရာ ဆရာမတွေဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ  တာဝန်ချိန်ပျက်ကွက်တာတွေကြောင့်  နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ (၁၇၀)  အရ တာဝန်ကနေ ယာယီရပ်ဆိုင်းတာ ဖြစ်တယ်လို့ မေလ ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လာမယ့် ဇွန် ၁ ရက်မှာ နိုင်ငံတဝန်း အခြေခံပညာကျောင်းတွေ ပြန်ဖွင့်လှစ်ဖို့ အကြမ်းဖက်စစ်ကောင်စီက စီစဉ်နေသလို  တဘက်မှာလည်း  ဆရာ၊ ဆရာမတွေကို အလုပ်ထုတ်ပစ်နေတာ ဖြစ်ပါတယ်။

4 weeks Ago
More News
Up