ဘိလပ်မြေဖျော်သည့်ကားဖြင့် တိုက်မိသော်လည်း သေကံမရောက် သက်မပျောက်သူများ

A d v e r t i s e m e n t With Us

August 16, 2016

ဘိလပ်မြေဖျော်သည့်ကားဖြင့် တိုက်မိသော်လည်း သေကံမရောက် သက်မပျောက်သူများ (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်ခရိုင် နင်ဘိုမြို့မှာ အဝေးပြေးလမ်းမထဲကို ၀င်ဖို့ ကြိုးစားနေတဲ့ အိမ်စီးကားတစီးကို လမ်းပေါ်ကနေ မောင်းနှင်လာတဲ့ ဘိလပ်မြေဖျော်တဲ့ကားက တိုက်မိခဲ့ပါတယ်။ အရှိန်နဲ့မောင်းလာတဲ့ ဘိလပ်မြေဖျော်တဲ့ကားရဲ့ အလယ်ပိုင်းနဲ့ညိပြီး အိမ်စီးကားပေါ်ကို ဘိလပ်မြေတင်တဲ့ကားက မှောက်ပြီး ပိသွားခဲ့သလို လူစီးကားရဲ့ ကိုယ်ထည်ကလည်း စိစိညက်ညက် ကြေသွားပါတယ်။ ဘိလပ်မြေတင်တဲ့ကားကလည်း ပြောင်းပြန်လှန် တိမ်းမှောက်သွားခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေ ရောက်ရှိလာပြီး အိမ်စီးကားပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ အမျိုးသမီးတဦး၊ အမျိုးသားတဦးကို ဆွဲထုတ်ခဲ့သလို ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ စိစိညက်ညက် ကြေသွားတဲ့ အိမ်စီးကားပေါ်က သူတွေဟာ ကံကောင်းထောက်မစွာ အသက်မသေဘဲ ဆေးရုံမှာ ဒဏ်ရကနေ သက်သာလာပြီ ဖြစ်ပါတယ်။
5 years Ago
Up