ဘိန်းဖြူများ ဖမ်းမိ

A d v e r t i s e m e n t With Us

October 23, 2020

ကလေးဝတွင် ကျပ်သိန်းပေါင်း ၂၁၉၈၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်မှာ ငွေကျပ်သိန်းပေါင်း  ၂၁၉၈၀ တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့ ၂၃:၅၀ အချိန်က ကလေးဝမြို့နယ်၊ အောင်ချမ်းသာ ရဲကင်းစခန်းက တပ်ဖွဲ့၀င်တွေဟာ သက်သေတွေနဲ့အတူ သက္ကကျင်း-ဖောင်းပြင် လမ်းဆုံမှာ ရပ်တန့်ထားတဲ့ Wish အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးနဲ့ အမျိုးသား ၆ ဦးအား မသင်္ကာဖွယ်တွေ့ရှိလို့ စစ်ဆေးမေးမြန်းစဉ် အမျိုးသား ၅ ဦးမှာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ သိန္နီမြို့နယ်၊ ဟွေတောင်ကျေးရွာ အုပ်စု၊ နမ့်ခိုက်ကျေးရွာနေ ဒွဲဝေါင် ၂၂ နှစ်အား ထိန်းသိမ်းရမိခဲ့ပြီး မော်တော်ယာဉ်ပေါ်ရှိ ဆာလာအိတ်တွေထဲကနေ ရောင်စုံဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ၂၁.၉၈ ကီလို (ကာလပေါက်စျေးတန်ဖိုးငွေ ကျပ်သိန်း ၂၁၉၈၀) ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။  ဒွဲဝေါင်ကို ကလေးဝမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတရားခံဖမ်းဆီးရမိရေးနဲ့ ကွင်းဆက်တွေကို ဖော်ထုတ်စစ်ဆေးနေတယ်လို့  ဆိုပါတယ်။
3 months Ago

February 2, 2020

ခရီးသည်တင်ယာဉ်ပေါ်ပါလာသည့် အမျိုးသမီးတဦးထံမှ ဘိန်းဖြူများ ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ ဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၀.၆၀၅ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာအနီး မူဆယ်-မန္တလေးကားလမ်းမိုင်တိုင်(၁၆၅/၅)မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၆ နာရီခွဲလောက်က ရွှေတြိဂံယာဉ်လိုင်းမှ SHN EE/×××× AD Van ခရီးသည်တင်ယာဉ်အား စစ်ဆေးရာ ခရီးသည် မအုန်းဝါ (၃၇)နှစ်ရဲ့ ခရီးဆောင်အိတ်အတွင်း ဆပ်ပြာခွက် ၅၅ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၀.၆၀၅ ကီလို၊ ဖုန်း ၁ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိသူ မအုန်းဝါကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ Photo : Ministry of Home Affairs, Myanmar
12 months Ago
Up