ဘိန်းဖြူနှင့်စိတ်ကြွဆေးပြား သိန်း

February 25, 2017

ကသာမြို့နယ်တွင် ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးများ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် လမ်းခွကျေးရွာအနီး ၈ မိုင်မှာ ကျပ်သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနဲ့ WY စာတန်းပါစိတ်ကြွဆေးပြားတွေ ဖေဖော်ဝါရီ ၂၄ ရက်က ည ၁၂ နာရီလောက်က ဖမ်းဆီးရမိခဲ့ကြောင်း ဒုရဲမှူး မြင့်နိုင်ဦးက ပြောပါတယ်။ မူးယစ်တပ်ဖွဲ့စု ၆ ကသာမှ ဒုရဲမှူး မြင့်နိုင်ဦးနဲ့ သက်သေတွေဟာ မူးယစ်ဆေးဝါးသတင်းအရ ကသာမြို့နယ်ကသာ-အင်းတော်သွားကားလမ်း ၈ မိုင်မှာ စောင့်ဆိုင်းနေစဉ် ကသာမြို့ဘက်မှ အင်းတော်မြို့ဘက်ကို ထွန်းရင် မောင်းနှင်လာတဲ့ FEILING အမျိုးအစား 125 အစိမ်းရောင်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာမှ ကျပ်သိန်း ၁၁၁၁ သိန်းတန်ဖိုးရှိ ဘိန်းဖြူရောင်စုံဆပ်ပြာခွက် ၁၀၁ ခွက်၊ ကျပ်သိန်း ၂၀၀ လောက်တန်ဖိုးရှိ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာသူ ဗန်းမောက်မြို့နယ်နေသူ ထွန်းရင် နဲ့ ကြည်စိုး ကွင်းဆက်(ပြေး) တို့အား ကသာမြို့မရဲစခန်းက မယ(ပ)၇/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အရေးယူဆောင်ရွက်ထားတယ်လို့ ဒုရဲမှူးက ပြောပါတယ်။ သတင်းဓာတ်ပုံ - ကိုကိုလင်း(အင်းတော်)
4 years Ago

February 15, 2017

ဘိန်းဖြူနှင့်စိတ်ကြွဆေးပြား သိန်း ၃၆၀၀ ကျော်ဖိုး မိုးညှင်းတွင် ဖမ်းမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီ ၁၄ ရက် မနက် ၁ နာရီ ၁၅ မိနစ်အချိန်က မူးယစ်ဆေးဝါးများသယ်ဆောင်လာတဲ့ မော်တော်ယာဉ်တစီးပေါ်က ကာလတန်ဖိုး ၃၆၃၉၆၀၀၀၀ ကျပ် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။ မိုးညှင်းမြို့မရဲစခန်းက ရဲအုပ်ဝင်းကိုကိုနဲ့ တပ်ဖွဲ့ဝင်တွေက မြို့ဝင် စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်နေချိန် ယာဉ်မောင်း တင်မိုးလင်း မောင်းနှင်ပြီး မောင်လဆန် လိုက်ပါလာတဲ့ ယာဉ်အမှတ်(MDY 2L/6887) MARK II အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ကားနောက်ဖုံးအတွင်း သယ်ဆောင်လာသော ခရီးဆောင်အိတ် နှစ်လုံးအတွင်းတွင် ကြွပ်ကြွပ်အိတ်အနက်ရောင်နဲ့ ထုပ်ပိုးထားတဲ့ အိတ်အတွင်းတွင် ဆပ်ဟြခွက် တခွက်လျင်ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူ/ဝါမှုန့် အလေးချိန် ၁၂ ဂရမ်စီပါ ရောင်စုံဆပ်ဟြခွက် ၂၁၉ ခွက်၊ စုစုပေါင်း အလေးချိန် ၂၆၂၈ ဂရမ်ခန့် စုစုပေါင်းကာလတန်ဖိုး (၁၈၃၉၆၀၀၀၀) ကျပ် နဲ့ အဟြရောင် ကပ်ခွာအိတ်အတွင်းတွင် 88/1 စာတန်းပါ စိတ်ကြွဆေးပြား ၆၀၀၀၀၊ ကာလတန်ဖိုး (၁၈၀၀၀၀၀၀၀)ကျပ်၊ ပေါင်းဘိန်းဖြူ နဲ့ စိတ်ကြွဆေးပြား စုစုပေါင်း တန်ဖိုး (၃၆၃၉၆၀၀၀၀)ကျပ် ကို ဖမ်းဆီး ရမိခဲ့တာပါ။ တင်မိုးလင်းနဲ့ မောင်လဆန်တို့ရဲ့ ထွက်ဆိုချက်များအရ အဆိုပါပစ္စည်းတွေဟာ ဒီးလာ(ခ)ခေါလာ ဆိုသူက ပြင်ဦးလွင်-မိုးကုတ်လမ်း မိုးလုံးကျေးရွာအနီးက မော်တော်ယာဉ်ကို ၁၃ သိန်းနဲ့ ငှားရမ်းပြီး  မြစ်ကြီးနားမြို့ကို ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ တင်မိုးလင်း၊ မောင်လဆန် နဲ့ ဒီးလာ(ခ)ခေါလာ (စုံစမ်းဆဲ) တို့ကို အားမိုးညှင်းမြို့မရဲစခန်းက မယ(ပ)၂၅/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၀(က)/၂၁ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကျော် (အင်းတော်)
4 years Ago
Up