ဘိန်းဖြူများနှင့် ဖမ်းမိ

September 3, 2016

အင်းတော်မြို့နယ်တွင် မူးယစ်တရားခံပြေးကို ဘိန်းဖြူများနှင့် ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နောင်မိုးကျေးရွာမှာ မူးယစ်တရားခံပြေးတဦးကို ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ဘိန်းဖြူတွေနဲ့အတူ စက်တင်ဘာ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဇော်ဦးက ပြောကြားခဲ့ပါတယ်။ အင်းတော်မြို့မရဲစခန်းမှူးဦးဆောင်တဲ့ တာဝန်ရှိသူတွေ နောင်မိုးရွာနေ မှူးယစ်တရားခံပြေး ရန်လင်းအောင်(ခ) မင်းစိုး(ခ)မာနော်ရဲ့ နေအိမ်ကို အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့် ဝရမ်းအမှတ် (၆၂/၂၀၁၆) နဲ့ ဝင်ရောက်ရှာဖွေရာ တရားခံကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အိပ်ခန်းအတွင်းရှိ ထုပ်တန်းမှာ ၀ှက်ထားတဲ့ ကျပ်သိန်း ၁၀၄၁၀၀၀၀ တန်ဖိုးရှိ ဘိန်းဖြူ  ၁၀၄ ဒသမ ၁ ဂရမ် ကျပ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိသူ ရန်လင်းအောင်ကို အင်းတော်မြို့မရဲစခန်းမှ မယ(ပ)၆၆/၂၀၁၆ မူးစိတ်၁၅/၁၉(က) အရ အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ရိုက်ကူး ကိုကိုလင်း(အင်းတော်)
5 years Ago
Up