ဘိန်းဖြူ

May 24, 2019

ဖောင်းပြင်တွင် ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၇,၁၂၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူတွေ  ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက မေ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ဖောင်းပြင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မေ ၂၁ ရက်က ညနေ ၃ နာရီလောက်က ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးကျေးရွာအဝင်လမ်းပေါ်မှာ သတင်းအရ စောင့်ဆိုင်းနေစဉ် HARRIER ခဲရောင်မော်တော်ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ လိုက်လံရှာဖွေရာ ည ၇ နာရီလောက် ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးကျေးရွာ အရှေ့ဘက်တောလမ်းမှာ ယာဉ်ကိုတွေ့ရှိပြီး ရှာဖွေရာ ယာဉ်အနီးရှိ ချုံပုပ်အတွင်းမှ ဆပ်ပြာခွက် ၆၆၀ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားတယ်လို့ သိရပါတယ်။
4 years Ago

December 29, 2018

ဓာတ်တိုင်ဝင်တိုက်သည့်ယာဉ်ပေါ်မှ ကျပ်သိန်းပေါင်း ၁ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ကွန်ဟိန်းမြို့နယ်မှာ လမ်းဘေးဓာတ်တိုင် ဝင်တိုက်တဲ့ ယာဉ်တစီးကို စစ်ဆေးရာမှာ ကျပ်သိန်းပေါင်း ၁ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့ အမှတ် ၁ ရပ်ကွက် တံတားအနီး လမ်းဟောင်းမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်တဲ့ ခြောက်ဘီးယာဉ်ကို စစ်ဆးရာကနေ ကျပ်သိန်း ၁၀၃၈၅၈ ဒသမ ၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၅၁၉ ဒသမ ၂၉၄ ကီလိုနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်တိုင်ဝင်တိုက်တဲ့ယာဉ်ကို ကွန်ဟိန်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စစ်ဆေးရာမှာ ယာဉ်ပိုင်ရှင် ဒေါ်ပါစံကို တွေ့ရပြီး ယာဉ်ပေါ် ပြောင်းဆန်အိတ် ၂၃ အိတ်အတွင်းက သိုဝှက်သယ်လာတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တာလည်း ဖြစ်ပါတယ်။ ယာဉ်ပိုင်ရှင် ဒေါ်ပါစံနဲ့ ယာဉ်မောင်း စိုင်းပီတို့ကို ကွန်းဟိန်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
4 years Ago
More News
Up