ဘိန်းစာမှုန့် ကာလတန်ဖိုး ၄ သန်းကျော်ဖိုး ဖမ်းဆီးရမိ

A d v e r t i s e m e n t With Us

September 26, 2016

ဘိန်းစာမှုန့် ကာလတန်ဖိုး ၄ သန်းကျော်ဖိုး ဖမ်းဆီးရမိ

ကော့သောင်းမြို့ အောင်ဘာကျေးရွာအုပ်စု ဘာလိအော်ကျေးရွာ အရှေ့ဘက်ချောင်းဘေးမှာ လှေတစီးနဲ့သယ်ဆောင်လာတဲ့ ဘိန်းစာမှုန့်  ကျပ်ငွေ ၄ သန်းကျော်ဖိုး ဖမ်းဆီးမိခဲ့ပါတယ်။ သတင်းအရ ကော့သောင်းမူးယစ်အထူးအဖွဲ့နဲ့ ကျေးရွာ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ အိုငယ်နဲ့ ထိန်းလင်းတို့ကို ၀ှက်ထားတဲ့ ဘိန်းစာမှုန့်တွေနဲ့အတူ ဖမ်းဆီမိပြီး တခြားတဦးဖြစ်တဲ့ မင်းနိုင် ဆိုသူကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ ကြွပ်ကြွပ်အိပ်အမဲ၊ ဆာလာအိပ်တွေနဲ့ထည့်ထားတဲ့ စုစုပေါင်း ၂၉၉ ထုပ်၊ ကာလတန်ဖိုး ၄၁၁၉၇၅၀ ကျပ်ဖိုးလောက် သိမ်းဆည်းရမိပြီး ကော့သောင်းရဲစခန်းက မူးယစ်ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - လတ်ကိုကိုဦး  
4 years Ago
Up