ဘိန်းခင်း

December 14, 2018

ရှမ်းပြည်နယ် မြို့နယ် ၆ ခုရှိ ဘိန်းခင်း ၇၉ ဧကခန့်ကို ဖျက်ဆီး

ရှမ်းပြည်နယ် ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လုံ၊ လဲချား၊ မိုင်းရှူးမြို့နယ်တွေက ဘိန်းခင်း စုစုပေါင်း ၇၉ ဧကလောက်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဖျက်ဆီးခဲ့ပါတယ်။ ပင်လောင်းမြို့နယ်၊ လွယ်မောင်းကျေးရွာ၊ အနောက်တောင်ဘက် ၁ မိုင်ခွဲလောက်အကွာမှာ  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၆) ရဲမှူး ဝင်းကျော်ရီ ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က အမြင့် ၂ ပေခွဲလောက်ရှိ ဘိန်းစိုက်ခင်း စုစုပေါင်း ၁၉.၅ ဧကအား ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ အလားတူ ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာမှာ ဘိန်းစိုက်ခင်း ၂၇ ဧက၊ ဆီဆိုင်မြို့နယ် ပချားကလို့ကျေးရွာမှာ ဘိန်းစိုက်ခင်း ၂၀ ဧက၊ ပင်လုံမြို့နယ်၊ တန့်အယ်ကျေးရွာမှာ ဘိန်းစိုက်ခင်း ၅ ဧက၊ လဲချားမြို့နယ်၊ ဟိုနားကျေးရွာမှာ ဘိန်းစိုက်ခင်း ၁ ဧက၊၊ မိုင်းရှူးမြို့နယ် နားလောင်းကျေးရွာပါ ၂ ရွာမှာ ဘိန်းစိုက်ခင်း ၆.၅ ဧက စုစုပေါင်း ၇၉ ဧကလောက်ကို ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
4 years Ago

March 18, 2016

ပတ်ဂျာဆန်အဖွဲ့ ဖျက်ခဲ့သည့်ဒေသတွင် စစ်တပ်က ဘိန်းခင်းဖျက်

ကချင်ပြည်နယ်၊ လူမှုအခြေပြု ပတ်ဂျာဆန်အဖွဲ့ ဘိန်းခင်းဖျက်ခဲ့တဲ့ နေရာတွေမှာ စစ်တပ်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ ရဲနဲ့ ဒေသခံ ဘိန်းစိုက်သူတို့ ပေါင်းပြီး ဘိန်းခင်းဖျက်ဆီးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။ မတ်လ ၁၃ ရက်ကနေ ၁၅ ရက်ထိ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဆဒုံး-ကန်ပိုက်တီ ဒေသတ၀ိုက်ရှိ မော်စီတုံး၊ လချိတ်၊ မဂနဲ့ နော့ဂူကျေးရွာ ပတ်ဝန်းကျင်မှာ ဘိန်းစိုက်ခင်း စုစုပေါင်း ၃၅ ဒသမ ၅ ဧကခန့်ကို ပူးပေါင်းဖျက်ဆီးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့လအတွင်း အဲ့ဒီဒေသမှာ ဘိန်းခင်းဖျက်ဖို့သွားတဲ့ ပတ်ဂျာဆန်အဖွဲ့နဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လူ ၃၀ လောက် မြစ်ကြီးနားဆေးရုံ ရောက်ခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရက လူ ၄၅ ယောက်ခန့်ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ့စ်ဘွတ်ခ်  
7 years Ago
More News
Up