ဘား၊ အပန်းဖြေကစားကွင်းများ ပိတ်

January 2, 2021

ထိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာ၍ ဘား၊ အပန်းဖြေကစားကွင်းများ ပိတ်

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်တာတွေ မြင့်တက်လာတာမို့ ဇန်နဝါရီ ၂ ရက်ကစပြီး ဘန်ကောက်မြို့က ဘားတွေနဲ့ အပန်းဖြေကစားကွင်းတွေကို ခေတ္တပိတ်ထားပါတယ်။  ခရိုင် ၂၈ ခုက ဈေးဆိုင်တွေနဲ့ လူတွေသွားလာမှုအပေါ် တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက အကြံပြုခဲ့ပါတယ်။  ဝန်ကြီးချုပ် ချန်အိုချာရဲ့ နောက်ဆုံး အတည်ပြုချက်လိုအပ်တဲ့ စည်းကမ်းချက်တွေမှာ ဈေးဆိုင်တချို့ကို ခေတ္တပိတ်ထားတာနဲ့ အများပြည်သူတွေကို ကူးစက်နိုင်ခြေရှိတဲ့ လူစုလူဝေး လုပ်တာတွေကို တားမြစ်တာ ပါဝင်ပါတယ်။ တဖက်ကလည်း အဲဒီခရိုင်တွေမှာ နေထိုင်တဲ့ ပြည်သူတွေကို အိမ်ကနေ အလုပ်လုပ်ကြဖို့နဲ့ မလိုအပ်ဘဲ ခရီးမထွက်ဖို့ ညွှန်ကြားတာတွေ ပါဝင်ပါတယ်။  ဇန်နဝါရီ ၂ ရက်က ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူ ၂၁၆ ယောက်နဲ့ သေဆုံးသူ ၁ ယောက် ရှိပါတယ်။  ကိုရိုနာဗိုင်းရပ်စ် စကတည်းက အခုထိ ထိုင်းမှာ စုစုပေါင်း ကူးစက်သူ ၇,၃၇၉ ယောက်နဲ့ စုစုပေါင်း သေဆုံးသူ ၆၄ ယောက် ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်အရ သိရပါတယ်။
10 months Ago
Up