ဘားအံမြို့နယ်အတွင်း ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ

July 3, 2015

ကရင်ပြည်နယ် အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌ ပစ်သတ်ခံရ၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်

ကရင်ပြည်နယ် ဘားအံမြို့နယ်က ကော့သင်းရှုးကျေးရွာက  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ရပ်ကျေး ဥက္ကဋ္ဌ ဦးစောဂျော်နီဟာ သူ့နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက်နေ့ညသန်ခေါင်ကျော်က သူ့နေအိမ်အရှေ့မှာ ပစ်သတ်ခံခဲ့ရတာလို့ အမှုကို လိုက်လံစစ်ဆေးရေယူခဲ့တဲ့  အိန္ဒုရဲစခန်းက ဒု-ရဲအုပ် သက်ဇင်ဦးက ပြောပါ တယ်။ “ကျနော်တို့ စခန်းကို သိရတာ ၁ နာရီ ၅၀ မှာ သတင်းရလို့ အခင်းဖြစ်တဲ့နေရာကို သွားပြီးစစ်ဆေးတယ်။ သွားတော့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတာပေါ့နော်။ သူက မှောက်လျက်အနေအထားပေါ့လေ။ ကျောမှာ သေနတ်ဒဏ်ရာ ၄ ချက်တွေ့တယ်။ ပေါင်မှာ တချက် တွေ့တယ်။ သူအိမ်ရှေ့ လှေကားရဲ့ ၇ ပေ-၁၀ ပေ လောက်အကွာမှာ။” သူ့ကို မည်သူမည်ဝါ ပစ်သတ်ခဲ့တယ်ဆိုတောကိုတော့ ရဲစခန်းအနေနဲ့ စုံစမ်းဆဲဖြစ်ပြီး ဦးစောဂျော်နီရဲ့ ယောက္ခမ ဒေါ်သန်းစိန်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတယ်လို့လည်း ဒု-ရဲအုပ် သက်ဇင်ဦးက ပြောပါတယ်။ အိန္ဒုရဲစခန်းအနေနဲ့ သေမှုသေခင်းပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပေးထားတယ်လို့လည်း ပြောပါတယ်။ ဦးစောဂျော်နီဟာ ကော့သင်းရှုးကျေးရွာက အန်အယ်ဒီဥက္ကဋ္ဌ ဖြစ်သလို ဒေသတွင်း တောင်သူလယ်သမားအရေးနဲ့ လယ်မြေဆုံးရှုံးသူတွေအတွက် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူဖြစ်တယ်လို့ သူနဲ့ ရင်းနှီးတဲ့ ဘားအံမြို့ခံ သတင်းထောက်ကိုပွင့်ဆန်းက ပြောပါတယ်။ “သူကတော့ ဒေသခံပြည်သူတွေရဲ့အရေးကိစ္စကို ဦးဆောင် ဆောင်ရွက်တဲ့လူဖြစ်တယ်။ သူက အတိုက်အခံတွေ နည်းနည်းများတယ်။ ကျနော်တို့နဲ့လည်း ခင်တဲ့အခါကျတော့ ကျနော်တို့လည်း သတိပေးတယ်ပေါ့နော်။ သူကလည်း ဒီကေဘီအေတပ်ထဲမှာ နေလာခဲ့ဖူးတာဆိုတော့ ရတယ် ကြောက်စရာ မရှိဘူးလို့ ပြောတယ်။ သူက လယ်ယာမြေကိစ္စတို့ နောက်ပြီးတော့ သမ၀ါယမ ပိုင်မြေကိစ္စဆိုပြီးတော့ မြေရောင်းချထားမှု မရိုးရှင်းတဲ့ကိစ္စတွေကို သူက ဖော်ထုတ်ထားတာလည်း တခုရှိတယ်။ နောက်ပြီး လယ်ယာမြေ အရှုပ်အရှင်းတွေကိုလည်း သူက ဦးဆောင်ပြီးတော့ သူတို့ ကော်မတီ ကျေးရွာအကျိုးပြုအဖွဲ့ဆိုပြီး ဖွဲ့ထားတဲ့ ၁၁ ဦးမှာ သူက ခေါင်းဆောင်ဖြစ်တယ်။” ဦးစောဂျော်နီပစ်သတ်ခံရချိန်မှာ အိမ်ထဲမှာ သူ့ယောက္ခမ ဒေါ်သန်းစိန်နဲ့ သားသမီး ၃ ဦး ရှိနေတယ်လို့လည်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ဦးစောဂျော်နီရဲ့ ရုပ်အလောင်းကို ဘားအံပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ဒီကနေ့ သင်္ဂြိုဟ်မယ်လို့ အိန္ဒုရဲတပ်ဖွဲ့က ဒု-ရဲအုပ် သက်ဇင်ဦးက ပြောပါတယ်။
6 years Ago

June 27, 2015

မြန်မာ့သယံဇာတ ထုတ်ယူသုံးစွဲမှု ပွင့်လင်းမြင်သာမှုမရှိဟုဆို

မြန်မာနိုင်ငံမှာ သယံဇာတ ထုတ်ယူသုံးစွဲတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိဘူးလို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) က ဇွန်လ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ မြစ်ဆုံစီမံကိန်းလို ကြီးမားတဲ့ဆည်စီမံကိန်းတွေ တည်ဆောက်မှုရဲ့ နောက်ကွယ်မှာ သဘာဝသယံဇာတတွေကို တရားမ၀င်ထုတ်ယူမူတွေ ရှိနေပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက လျစ်လျူရှုမှုတွေ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သယံဇာတ တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ညီညွတ်မှုမရှိပဲ အစိုးရအနေနဲ့လည်း ကြပ်မတ်စစ်ဆေးမှုမရှိတာက ပြည်သူတွေကို ပြဿနာ၊အခက်အခဲတွေ ဆက်လက်ဖြစ်ပေါ်စေတယ်လို့လည်း ဖော်ပြထားပါတယ်။
6 years Ago
Up