ဘားအံမြို့

May 31, 2021

အကြမ်းဖက်စစ်ခေါင်းဆောင် ဘားအံမြို့ကို ရဟတ်ယာဉ်ဖြင့် လာရောက်

အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကရင်ပြည်နယ် ဘားအံမြို့ကို မေ ၃၁ ရက် မနက်ပိုင်းက ရဟတ်ယာဉ် ၂ စင်းနဲ့အတူ ရောက်ရှိလာတယ်လို့ မြို့ခံပြည်သူတွေက ဒီဗွီဘီကို အတည်ပြု ပြောကြားပါတယ်။

စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း  အကြမ်းဖက်စစ်ခေါင်းဆောင်အနေနဲ့ ဘားအံမြို့ကို ပထမဆုံးအကြိမ်ရောက်ရှိလာတာဖြစ်ပြီး မြို့ပေါ်နေရာတော်တော်များများမှာ လုံခြုံရေး တင်းကျပ်စွာ  ချထားသလို သံလွင်မြစ်ထဲမှာ စစ်ရေယာဉ် ၁ စီး အသင့်အနေအထား ရှိနေတယ်လို ဆိုပါတယ်။

"ဘားအံကို ရောက်လာတာတော့ ဟုတ်တယ်။ လေယာဉ်တွေက  တပ်မထဲဆင်းသွားတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်နဲ့ အတူပါလာတဲ့ ဝန်ကြီးတွေ ဘားအံတက္ကသိုလ်ကို လာပြီးဆွေးနွေးပွဲ လုပ်မယ်လို့ ကြားတယ်။ ဒါပေမဲ့ အခုထိမရောက်သေးဘူး"လို့ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် လိုက်ပါစီးနင်းလာတဲ့ ရဟတ်ယာဉ်တွေဟာ အမှတ် ၂၂ တပ်မ ဌာနချုပ်ဝင်းထဲမှာ ဆင်းသက်ပြီးတဲ့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ရုံးကို သွားရောက်ခဲ့တယ်လို့ မြို့ခံတွေက  ပြောပါတယ်။

2 weeks Ago

May 3, 2021

ဘားအံမြို့တွင် KBZ ဘဏ်ခွဲပြန်ဖွင့်သဖြင့် ငွေလာထုတ်ယူသူ များပြားနေ

ကရင်ပြည်နယ် ဘားအံမြို့မှာ  ရွေညောင်ပင် KBZ  ဘဏ်ခွဲ ဒီနေ့မနက် ပြန်ဖွင့်နေလို့ ငွေ လာရောက်ထုတ်ယူသူအများအပြား တန်းစီ ထုတ်ယူနေတာကြောင့်  လူစုလူဝေး ဖြစ်ပေါ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အ​ခြေအနေအရ  CB ဘဏ် နဲ့ KBZ ဘဏ်က ATM ငွေထုတ်စက်တွေကနေ  ကန့်သတ်ချက်နဲ့ သာ ငွေထုတ်ပေးနေပါတယ်။

ကရင်ပြည်နယ်အတွင်း ဘားအံ၊ မြဝတီ၊ ကော့ကရိတ်မြို့တို့မှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ မြန်မာရတနာဘဏ်၊ အင်းဝဘဏ် ၊ မြန်မာအရှေ့တိုင်းဘဏ်ခွဲတွေကတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။

1 month Ago
More News
Up