ဘားဆိုင်အမိုးပြိုကျ

A d v e r t i s e m e n t With Us

May 20, 2019

တရုတ်တွင် ဘားဆိုင်အမိုးပြိုကျ၊ လူ ၃ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံတောင်ပိုင်းက ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ မေလ ၂၀ ရက် မနက်အစောပိုင်းက ဘားဆိုင်အမိုး ပြိုကျခဲ့တာကြောင့် လူသုံးယောက်ထက်မနည်း သေဆုံးပြီး အပျက်အစီးတွေ အောက်ကနေ လူအယောက် ၉၀ ကို ကယ်ထုတ်ခဲ့ရပါတယ်။ ဒါ့အပြင် လူရှစ်ယောက် ဒဏ်ရာအနည်းငယ် ရခဲ့ပြီး နောက်ထပ်တယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV သတင်းဌာနက ပြောပါတယ်။ ပြိုကျတဲ့ အပျက်အစီးတွေအောက်မှာ လူလေးယောက် ပိတ်မိနေသေးတာကြောင့် ကယ်ဆယ်ရေး ဆက်လုပ်နေရပါတယ်။
2 years Ago
Up