အာဆင်နယ်အသင်းမှာ ရာထူးတစ်နေရာနဲ့ ပြန်လာချင်တယ်လို့ ကစားသမားဟောင်း ဒင်းနစ် ဘားကမ့်က ပြောလိုက်ပါတယ်။
ဟော်လန်တိုက်စစ်မှူးဟောင်း ဘားကမ့်ဟာ အာဆင်နယ်အသင်းရဲ့ ဂန္ထဝင် ကစားသမားတစ်ဦးဖြစ်ပြီး ၁၉၉၅ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ပွဲပေါင်း၄၀၀ ကျော်ကစားခဲ့ပြီး ဂိုး ၁၂၀ သွင်းယူခဲ့ပါတယ်။
၂၀၁၁ ခုနှစ်ကစပြီး အေဂျက်ဇ်လက်ထောက်နည်းပြအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၁၇ခုနှစ် မှာအသင်းနဲ့ လမ်းခွဲခဲ့တာပါ။
လက်ရှိအချိန်မှာ ဟော်လန်မှာ အဆင်ပြေနေပေမယ့်လည်း အချိန်ကောင်း တစ်ခုရောက်တဲ့ အခါ အာဆင်နယ်အသင်းမှာ ရာထူးတစ်နေရာနဲ့ ပြန်လည်ကူညီပေးချင်ကြောင်း ဘားကမ့်က ပြောပါတယ်။
အာဆင်နယ်မှာ ၁၁ နှစ်ကြာကစားခဲ့တာကြောင့် အသင်းရဲ့ အကြောင်းကိုသိရှိပြီး လက်ရှိ အချိန်မှာ ဆွေးနွေးမှုမရှိသေးပေမယ့် အနာဂတ်မှာ ဖြစ်လာနိုင်တယ်လို့ ဘားကမ့်ကပြောပါတယ်။
လက်ရှိနည်းပြအာတီတာရဲ့လုပ်ဆောင်မှုတွေဟာလည်း စိတ်ဝင်စားစရာ ကောင်းပြီး အသင်းရဲ့ ဘောလုံးဒဿနတွေကို ပြောင်းလဲချင်တဲ့လက္ခဏာတွေ တွေ့ရတယ်လို့ ဘားကမ့် က ပြောပါတယ်။
ဘားကမ့်နဲ့အတူတွဲကစားခဲ့ဖူးတဲ့ ယွန်းဘက်ကတော့ အာတီတာရဲ့နည်းပြအဖွဲ့ဝင်ထဲ ပါဝင် နေပါတယ်။
7 months Ago