ဘား

September 16, 2020

ဟောင်ကောင်တွင် ဘား၊ ရေကူးကန်၊ အပန်းဖြေဥယျာဉ်များ ပြန်ဖွင့်မည်

ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုရှိ၊ မရှိ လူထုကို အကြီးအကျယ် စစ်ဆေးပြီးရင် ဘားတွေ၊ ရေကူးကန်တွေနဲ့ အပန်းဖြေဥယျာဉ်တွေကို စက်တင်ဘာ ၁၈ ရက်မှာ ပြန်ဖွင့်ပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးရဲ့ စက်တင်ဘာ ၁၅ ရက် ကြေညာချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးပါတယ်။ တရုတ်ပြည်မကြီးအစိုးရက စီစဉ်တဲ့ ဆေးစစ်တဲ့အစီအစဉ်ထဲမှာ လူ ၂ သန်းနီးပါး ပါဝင် စစ်ဆေးအပြီး ကူးစက်ခံ ၄၂ ယောက်ကို တွေ့ရှိအပြီးမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိုက်တာပါ၊ တရုတ် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်မှာ အားကစားရုံတွေနဲ့ ဖျော်ဖြေရေးနေရာတွေကို ပြန်ဖွင့်ပေးခဲ့ပြီး လူ ၄ ယောက်အထိ စုဝေးဖို့ တိုးမြှင့်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ လူ ၄ ယောက်ထက် ပိုမစုဖို့တော့ တားမြစ်ထားဆဲပါ။ အများပြည်သူဆိုင်ရာ ကမ်းခြေတွေကို သွားရောက်လည်ပတ်တာကိုလည်း တားမြစ်ထားပြီး လူတွေ သတိရှိကြဖို့ အာဏာပိုင်တွေက ဆော်သြထားပါတယ်။ ဟောင်ကောင်မှာ ဒီနေ့ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြုလူနာ ၄၉၇၆ ယောက် ရှိပြီး ကူးစက်ခံ ၁၀၁ ယောက် သေဆုံးခဲ့ပါတယ်။ လာမယ့် သောကြာနေ့မှာ ဟောင်ကောင် အဏ္ဏဝါဥယျာဉ်နဲ့ ဟောင်ကောင် ဒစ္စနေး အပန်းဖြေ ဥယျာဉ်တို့အပြင် ညီလာခံခန်းမတွေကိုပါ ပြန်လည်ဖွင့်လှစ်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
7 months Ago

May 21, 2020

နယူးဇီလန်တွင် ဘားနှင့်ဘီယာဆိုင်များ ပြန်ဖွင့်

COVID-19 ကပ်ဘေးကြောင့် လအနည်းငယ် ဆိုင်တွေပိတ်ထားခဲ့ပြီးနောက် မေလ ၂၁ ရက်က နယူးဇီလန်မှာ ပထမဆုံးအကြိမ် ဘားဆိုင်တွေနဲ့ ဘီယာဆိုင်တွေကို ပြန်ဖွင့်ပေးနေပါပြီ။ နိုင်ငံတွင်းမှာ ပြီးခဲ့တဲ့အပတ်ကစလို့  တခြားလုပ်ငန်းတွေ ပြန်ဖွင့်ပေးခဲ့ပေမဲ့ ၊ အရက်ရောင်း တဲ့ ဆိုင်တွေကတော့ ပိတ်ထားခဲ့ရပါသေးတယ်။ အစိုးရကလည်း တောင်ကိုရီးယားမှာလို နိုက်ကလပ်တွေကနေ ကူးစက်မှုနှုန်းမြင့်တက်မှာကို စိုးရိမ်ကြောင်း ထောက်ပြခဲ့ပါတယ်။  နယူးဇီလန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ တိုက်ဖျက်ခဲ့လို့ ခရီးသွားလုပ်ငန်းက အထိခိုက်ဆုံး စီးပွားရေးကဏ္ဍ ဖြစ်ခဲ့ပါတယ်။  ဒီလို တင်းကျပ်တဲ့ အစီအမံတွေကြောင့်ပဲ  နယူးဇီလန်ဟာ COVID-19 အတည်ပြု လူနာ ဦးရေ ၁၅၀၀  ကျော်ပဲ ရှိခဲ့သလို  သေဆုံးသူကလည်း ၂၁ ဦးပဲ ရှိခဲ့တယ်လို့ ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။
11 months Ago
Up