ဘာ့ချ်ဝင်

June 23, 2020

မန်ယူနှင့်ပွဲ ဂိုးသွင်းခဲ့သည့် ဘာ့ချ်ဝင်ကို မော်ရင်ဟို ချီးကျူး

တောင်ပံတိုက်စစ်မှူး ဘာ့ချ်ဝင်ကို ခေါ်ယူပေးခဲ့တဲ့ စပါးအသင်းအတွက် ဂုဏ်ယူကြောင်း နည်းပြမော်ရင်ဟိုက ပြောပါတယ်။  ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဟော်လန်ကလပ် ပီအက်စ်ဗွီကနေ ပြောင်းရွှေ့လာတဲ့ ဘာ့ချ်ဝင်ဟာ မန်ယူနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၁ ဂိုးသွင်းခဲ့ပြီး ၈ ပွဲမှာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။  စပါးအသင်းဟာ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၆ ဒသမ ၇ သန်းပေးချေခဲ့ရပါတယ်။ ဟော်လန်ကစားသမား ဘာ့ချ်ဝင်ကို ခေါ်ယူဖို့က သူ့ရဲ့ ဦးစားပေး ပစ်မှတ်မဟုတ်ခဲ့ဘဲအသင်းက ခေါ်ယူပေးခဲ့တာလို့ မော်ရင်ဟိုက ဝန်ခံခဲ့ပါတယ်။  ဘာ့ချ်ဝင်က ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး အလားအလာကောင်းတွေ အများကြီးရှိတယ်လို့ မော်ရင်ဟိုက ချီးကျူးခဲ့ပါတယ်။  စပါးအသင်းဟာ  ဒီကနေ့ညမှာ ဝက်စ်ဟမ်းအသင်းနဲ့ အိမ်ကွင်းမှာယှဉ်ပြိုင်ကစားရမှာပါ။ အဲဒီပွဲစဉ်မှာ တိုက်စစ်မှူး လူးကပ်မိုရာ ပြန်လည်ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကွင်းလယ်လူ အယ်လီတော့ ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာမှာဖြစ်ပါတယ်။
11 months Ago
Up