ဘာနေးဆန်းဒါးစ်

A d v e r t i s e m e n t With Us

May 11, 2016

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးချယ်ပွဲ ဟီလာရီကို ဘာနေးဆန်းဒါးစ် အနိုင်ရ

အမေရိကန်ပြည်ထောင်စု၊ အနောက်ဗာဂျီးရီးယားပြည်နယ်မှာ မေလ ၁၀ ရက် အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ အမေရိကန်လောင်း ရွေးချယ်ပွဲတွေမှာ ဘာနေးဆန်းဒါးစ်က ဟီလာရီကလင်တန်ကို အနိုင်ရသွားပါတယ်။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ပဏာမအဆင့် ရွေးချယ်ပွဲ တလျှောက်လုံး ဟီလာရီက ရှေ့ဆုံးက ဦးဆောင်နေခဲ့ပြီး ဘာနေးဆန်ဒါးစ် အတွက်ကတော့ ဒီပြည်နယ်မှာ အနိုင်ရလိုက်တာကြောင့် မျှော်လင့်ချက် ပြန်တက်လာပါတယ်။ ရွေးကောက်ပွဲ နောက်ဆုံးအချိန်အထိ ရေကုန်ရေခန်း ယှဉ်ပြိုင်သွားမယ်လို့ အနိုင်ရရှိကြောင်း ကြေညာအပြီး ဆန်းဒါးစ်က ထောက်ခံသူတွေကို ပြောဆိုပါတယ်။ ရီပတ်ဗလီကန်ပါတီဘက်မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဒေါ်နယ်ထရမ့်ကို တိုက်ခိုက်ပြောဆိုခဲ့ပြီး ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတ မဖြစ်သင့်ဘူး၊ သူတယောက်ပဲ ဒေါ်နယ်ထရမ့်ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်တယ်လို့လည်း ဆန်းဒါးစ်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ အင်္ဂါနေ့မှာ အနောက်ဗားဂျီးနီးယားပြည်နယ်မှာရော၊ နီဘရပ်စ်ကားပြည်နယ်မှာပါ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ပါတီဝင်တွေကိုယ်တိုင်က သူ့ကို မထောက်ခံတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ ပေါလ်ရိုင်ယန်ကိုယ်တိုင်က ဒေါ်နယ်ထရမ့်မှာ သမာသမတ်ကျတဲ့ စဉ်းစားတွေးခေါ်မှုတွေ မရှိလို့ မထောက်ခံနိုင်ဘူးလို့ ပြောဆိုပါတယ်။
5 years Ago
Up