ဘာသာရေးခေါင်းဆောင်များ

A d v e r t i s e m e n t With Us

December 12, 2018

ရွှေ့ပြောင်းလာသူများကို ထောက်ခံသည့် ဘာသာရေးဆရာများ ဖမ်းဆီးခံရ

အမေရိကန်-မက္ကဆီကို နယ်စပ်ရောက် ရွှေ့ပြောင်းလာသူတွေကို ထောက်ခံကြတဲ့ ဘာသာပေါင်းစုံက ဘာသာရေးဆရာတွေဟာ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖမ်းဆီးခံရပါတယ်။ အဲဒီစုဝေးထောက်ခံပွဲကို အမေရိကန်မိတ်ဆွေများ အကူအညီပေးရေး ကော်မတီ (AFSC) က စီစဉ်ခဲ့တာပါ။ သူတို့အဖွဲ့မှာ ခရစ်ယာန်၊ ရဟူဒီနဲ့ အစ္စလာမ်ဘာသာတို့က ဘာသာရေးနဲ့ ဌာနတိုင်းရင်းသား ခေါင်းဆောင် ၂၀၀ ဝန်းကျင် ပါဝင်တယ်လို့ ဆိုပါတယ်။ နယ်စပ်မှာ ဝတ်ပြုဆုတောင်းဖို့ ပြုလုပ်စဉ်မှာပဲ အမေရိကန် နယ်စပ်ကာကွယ်ရေး ဝန်ထမ်းတွေ ရောက်လာပြီး သူတို့အဖွဲ့ကို နယ်စပ်ခြံစည်းရိုးနား မသွားအောင် တားဆီးခဲ့တယ်လို့ တီဝါနာရှိ ခိုလှုံရေးစခန်းခေါင်းဆောင်က ပြောပါတယ်။ ထောင်နဲ့ချီတဲ့ ဗဟိုအမေရိက ရွှေ့ပြောင်းလာသူတွေဟာ အမေရိကန်-မက္ကဆီကို နယ်စပ်  တီဝါနာဘက်ခြမ်းမှာ စုဝေးရောက်ရှိနေပြီး အတော်များများဟာ အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့်ရရေး အသနားခံဖို့ စောင့်ဆိုင်းနေကြပါတယ်။
2 years Ago

May 27, 2018

ပြည်တွင်းပြည်ပ ဘာသာရေးခေါင်းဆောင်များ ရခိုင်သို့ရောက်ရှိ

ပြည်တွင်းပြည်ပ ငြိမ်းချမ်းရေးဘာသာရေးဆောင်တွေဟာ မေ ၂၆ ရက်နေ့ နေ့လယ် ၃ နာရီမှာမြန်မာ့လေကြောင်းနဲ့ စစ်တွလေဆိပ်ကို ရောက်ရှိလာပါတယ်။ ဒီခရီးစဉ်မှာတော့ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရအောင်ကို၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူး ဦးမင်းသိန်း၊ ငြိမ်းချမ်းရေးမေတ္တာအဖွဲ့က ဥက္ကဋ္ဌဦးမြင့်ဆွေ၊ ရိုမန်ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် ၅ ဦးအပါအဝင် အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူးဟာဂျီ ဦးအေးလွင်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီခရီးစဉ်မှာ Mr.Bishop Gunnar Stalsett (RfP Honorary President) နဲ့ Rev.Kyoichi Sugino(RfP Deputy Secretary General) တို့လည်း ပါဝင်လာပါတယ်။ ဒီခရီးစဉ်မှာ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေဟိန္ဒူဘာသာရေးခေါင်းတွေ၊ ခရယာန်ဘာသာရေး ဆောင်တွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ ပါဝင်ပါတယ်။ အခုဒီခရီးစဉ်ဟာ ပထမဦးဆုံးငြိမ်းချမ်းရေး ခြေလှမ်းအဖြစ် ရောက်ရှိလာတာလို့ ဟာဂျီဦးအေးလွင်က ပြောပါတယ်။ ဘာသာရေးခေါင်းဆောင်အဖွဲ့ဟာ ဒီနေ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ မောင်တောဒေသကို စစ်တွေလေဆိပ် ကနေတဆင့် ရဟက်ယာဉ် သွားရောက်မှာ ဖြစ်ပါတယ်။ မောင်တောဒေသ ပြန်လည်နေရာချထားရေးနဲ့ နယ်စပ်ခြံစည်းရိုးတွေကို သွားရောက် ကြည့်ရှုမယ်လို့ ဦးအေးလွင်က ပြောပါတယ်။ သတင်း၊ဓာတ်ပုံ- ဝဏ္ဏခွာညို
3 years Ago
Up