ဘာသာရေးကျောင်း

October 27, 2020

ပါကစ္စတန်ရှိ ဘာသာရေးကျောင်းတွင် ဗုံးပေါက်ကွဲ၊ လူ ၇ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပတ်ရှ်ဝါမြို့ရှိ ဘာသာရေးကျောင်းတစ်ခုမှာ အောက်တိုဘာ ၂၇ ရက်က ဗုံးပေါက်ကွဲလို့ ၇ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူ ၇ ယောက်ရှိပြီး မီးလောင်ဒဏ်ရာနဲ့ လူအများအပြားအပါအဝင် ဒဏ်ရာရသူ အယောက် ၇၀ လက်ခံ ရရှိတယ်လို့  လာဒီရီးဒင်းဆေးရုံ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။  အဲဒီဘာသာရေးကျောင်းမှာ အရွယ်ရောက်ကျောင်းသားတွေ အများအပြားရှိပြီး ပေါက်ကွဲမှု ဖြစ်ချိန်မှာ အတော်များများက စာသင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။  အမည်မသိလူတွေက ပလတ်စတစ်အိတ်တစ်ခုထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထည့်ခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ပတ်ရှ်ဝါမြို့ဟာ အာဖဂန်နစ္စတန် နယ်စပ်အနီးမှာ တည်ရှိပြီး ကာလအတော်ကြာ အစ္စလာမ်မစ် အကြမ်းဖက်မှုတွေ ဖြစ်နေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။ 
1 year Ago
Up