ရုရှားနိုင်ငံမှ အသက် ၄ နှစ်အရွယ် ဘယ်လာ ဒယ်ဗီယက်ခီနာဟာ ဘာသာစကားဆိုင်ရာ အံ့ဖွယ်အစွမ်းရှိသူပါ။
သူဟာ မိခင်ရုရှားဘာသာစကားအပါအ၀င် အင်္ဂလိပ်၊ စပိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမန်နဲ့ အာရပ်ဘာသာစကားစတဲ့ ဘာသာစကား ၇ မျိုးကို သွက်သွက်လက်လက် ပြောဆိုနိုင်တယ်လို့ နယူးယောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကတော့ သူ့ရဲ့ စွမ်းရည်တွေကို ရုရှားရုပ်သံအစီ အစဉ်တခုဖြစ်တဲ့ “Amazing People”အစီအစဉ်ကနေ ထုတ်လွှင့်ပြသခဲ့တာပါ။
စကပ်အကွက်၊ အပေါ်ထပ်အကျီင်္နဲ့ ကြက်တောင်စည်းဆံပင်လေးနဲ့ ဘယ်လာဟာ စတိတ် စင်ပေါ်မှာ ဘာသာစကားအမျိုးမျိုးကို အလွယ်တကူပဲ ပရိသတ်တွေကို ပြောပြသွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ရုပ်သံရှိုးအစီအစဉ်မှာ ဘယ်လာရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ ကျောင်းသင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်တာတွေကို အပြန်အလှန်ပြောဆိုခဲ့ကြတာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ယူကျုဘ်အင်တာနက်စာမျက်နှာပေါ်မှာတော့ ရေပန်းစားနေခဲ့တာ ပါ။
ဘယ်လာရဲ့ မိခင်ဖြစ်သူကတော့ သမီးဖြစ်သူကို အသက် ၂ နှစ်အရွယ်မှာ ဘာသာစကား ကို စတင်သင်ကြားပေးခဲ့တာလို့ ပြောပါတယ်။
ဘယ်လာဟာ ဘာသာစကားတွေကို သင်ယူဖို့ စိတ်အားထက်သန်တဲ့အတွက် ဒါတွေဟာ မှတ်ဉာဏ်ထဲက ပျောက်ပျက်သွားမှာမဟုတ်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago