စီးရီးအေကလပ် ဘရက်စီယာအသင်းဟာ တိုက်စစ်မှူး ဘာလော့တယ်လီရဲ့ ကိုယ်အလေးချိန်ဟာ ပေါင် ၂၂၀ ရှိလာကြောင်း တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
အီတလီ တိုက်စစ်မှူး ဘာလော့တယ်လီဟာ အသင်းနဲ့ အဆင်မပြေဖြစ်နေပြီး စီးရီးအေပွဲတွေ ပြန်လည်စတင်ပြီးနောက်ပိုင်း တစ်ပွဲမှ ကစားခွင့်မရခဲ့တာ ဖြစ်ပါတယ်။
ဘရက်စီယာအသင်းအနေနဲ့ ဘာလော့တယ်လီရဲ့ ကိုယ်အလေးချိန် တက်လာမှုကြောင့် သူ့ကို ပွဲထွက်ခွင့်မပေးတာဆိုတဲ့ အဓိပ္ပာယ်နဲ့ သူ့ရဲ့ ကိုယ်အလေးချိန်ကို ဖော်ပြခဲ့တာလို့ သိရပါတယ်။
ဘာလော့တယ်လီဟာ ပုံမှန်အားဖြင့် ၁၉၄ ပေါင် အလေးချိန်ရှိပြီး ကိုဗစ်ကာလအတွင်းမှာ ၁၇ ပေါင်ကျော် တက်လာခဲ့တာပါ။
လက်ရှိအချိန်မှာ ကီလို ၉၉ ဒသမ ၈ ကီလို ရှိကြောင်း ဘရက်စီယာအသင်းက ဖော်ပြခဲ့ပြီး ပေါင် ၂၂၀ ခန့်ရှိနေတာ ဖြစ်ပါတယ်။
ဘာလော့တယ်လီဟာ နိုက်စ်အသင်းမှာ ကစားစဉ်ကလည်း ကိုယ်အလေးချိန်တက်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းနဲ့ ပြဿနာဖြစ်ခဲ့ဖူးပါတယ်။
ဘာလော့တယ်လီနဲ့ ဘရက်စီယာအသင်းတို့ကြားမှာ ကိုဗစ်-၁၉ ကာလက လော့ဒေါ့င်း အစီအစဉ်တွေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေကြလို့ နှစ်ဖက်စလုံးက တရားစွဲဆိုဖို့ ပြင်ဆင်နေကြတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
7 months Ago