ဘာလီကျွန်းရှိ အာဂွန်မီးတောင် အချိန်မရွေးပေါက်ကွဲနိုင်၊ ဒေသခံ ၇ သောင်းခွဲကျော် ထွက်ပြေး

September 27, 2017

ဘာလီကျွန်းရှိ အာဂွန်မီးတောင် အချိန်မရွေးပေါက်ကွဲနိုင်၊ ဒေသခံ ၇ သောင်းခွဲကျော် ထွက်ပြေး

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အာဂွန်မီးတောင် အချိန်မရွေး ပေါက်ကွဲနိုင်တဲ့အတွက် အနီးဝန်းကျင်ရှိ ဒေသခံ ၇၅၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။ ဒေသအစိုးရဟာ မီးတောင်ရဲ့ ၁၂ ကီလိုမီတာပတ်လည် ဒေသကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ပြီး အဲဒီက ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဘူမိဗေဒပညာရှင်တဦးက သူ့အနေနဲ့ အတိအကျ မပြောနိုင်ပေမယ့် မီးတောင်လှုပ်ရှားတာဟာ သိပ်ကိုစိုးရိမ်စရာဖြစ်ပြီး အပေါ်ယံကြည့်ရင် မမြင်နိုင်ပေမယ့် အတွင်းပိုင်းမှာ မီးတောင်လှုပ်ရှားတာဟာ သိပ်ကို ပြင်းထန်တယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း အဲဒီမီးတောင်လှုပ်ခတ်မှု အနည်းဆုံး အကြိမ် ၃၀၀ ရှိခဲ့ပါတယ်။ အဲဒီမီးတောင်မှာ ဘာလီကျွန်းသားတွေအတွက် အရေးပါတဲ့ ဘုရားကျောင်းတခုရှိပြီး အခုအခါမှာတော့ ဘုရားကျောင်းကို ပိတ်ထားပါတယ်။ ဒေသခံတဦးက မီးတောင်ပေါက်မှာကို သူကြောက်ကြောင်း၊ အစိုးရဆီက သတင်းကို နားစွင့်နေကြောင်း၊ သူဟာ ဆောက်လုပ်ရေးလုပ်သားတဦးဖြစ်ပြီး မီးတောင် ပေါက်ကွဲနိုင်တယ်ဆိုတဲ့ သတင်းကြောင့် လုပ်ငန်းရပ်ထားရကြောင်း၊ အခု အလုပ်မရှိကြောင်း ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရှိ မီးတောင်ရှင် ၁၃၀ ထဲက တခုဖြစ်တဲ့ အာဂွန်မီးတောင်ဟာ ၁၉၆၃ ခုနှစ်က ပေါက်ကွဲခဲ့ပြီး လူပေါင်း ၁၅၀၀ သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြာထားပါတယ်။
4 years Ago
Up