ဂျာမနီနိုင်ငံ မြို့တော် ဘာလင်ရဲ့ မြို့လယ်လမ်းပေါ်မှာ မတ်လ ၁၅ ရက် မနက်က ကားတစီး ပေါက်ကွဲမှုကြောင့် ကားမောင်းသူ သေဆုံးသွားပါတယ်။
ဒီဖြစ်ရပ်ဟာ ဖောက်ခွဲရေးပစ္စည်းတခုကြောင့်လို့ သံသယရှိကြောင်း ဂျာမန်ရဲတွေက ပြောပါတယ်။
ဘာလင်ရဲတွေက အခင်းဖြစ်ရာနေရာကို ပိတ်သိမ်းထားပါတယ်။
ဗုံးပညာရှင်တွေ အခင်းဖြစ်ရာကို ရောက်လာပြီး နောက်ထပ် ဖောက်ခွဲရေးပစ္စည်းတွေ ရှိမရှိ စုံစမ်းစစ်ဆေးခဲ့ပါတယ်။
အရာရှိတွေက ဒေသခံတွေ အိမ်ထဲမှာ နေကြပြီး ပြတင်းပေါက်တွေကို ပိတ်ထားကြဖို့ ပြောခဲ့ပါတယ်။
ဘာလင်မြို့ အနောက်ပိုင်း ချာလော့တန် ဘာ့ဂ် ခရိုင်က လမ်းမကျယ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
ဗောက်စ်ဝက်ဂွန် အမျိုးအစား ကားက မြို့လယ်ကို ဦးတည်မောင်းချိန်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
6 years Ago