ဘာလင်ကော်ဖီဆိုင်

October 6, 2018

ဘာလင်မြို့တွင် ကော်ဖီဆိုင်ကို ကားတစ်စီးက ၀င်တိုက်ပြီး လူအများအပြားဒဏ်ရာရ

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ အောက်တိုဘာ ၅ ရက်က ကော်ဖီဆိုင်တစ်ဆိုင်ကို ကားတစ်စီးက ၀င်တိုက်ခဲ့တာကြောင့် လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကားတိုက်မှုဟာ ရှာလက်တန်ဘာ့ဂ် ခရိုင်မှာ ဖြစ်ခဲ့ပြီး အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ လက္ခဏာ မတွေ့ဘူးလို့ ရဲကဆိုပါတယ်။ ကားမောင်းသူမှာ နှလုံးရောဂါရှိတယ်လို့ယူဆရပြီး ဒီကားတိုက်မှုမှာ ကားမောင်းသူ အပါအ၀င် လူ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမယ့် ဒဏ်ရာရသူတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား မရှိဘူးလို့ သိရပါတယ်။ ဂျာမနီနိုင်ငံမှာ စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကို လုံခြုံရေးတပ်လှန့်ထားပါတယ်။ ၂၀၁၆ ခုနှစ်က ဘာလင်မြို့ရှိ ခရစ္စမတ်ဈေးကို တူနီးရှား အစ္စလာမ်မစ် တစ်ဦးက ကားနဲ့ ၀င်တိုက်ခဲ့တာကြောင့် ကားမောင်းသူ အပါအ၀င် လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။
3 years Ago
Up