ဘာလင်က အဆောက်အဦ ၈ ခုကို ဂျာမန်ရဲ ၀င်စီး (ရုပ်သံ)

September 23, 2015

ဘာလင်က အဆောက်အဦ ၈ ခုကို ဂျာမန်ရဲ ၀င်စီး (ရုပ်သံ)

ဆီးရီးယားနိုင်ငံတွင်းက တိုက်ပွဲတွေကို ပံ့ပိုးနေတဲ့ အိုင်အက်စ်အဖွဲ့ဝင် သံသယ ရှိသူတွေ သုံးနေတယ်လို့ ယူဆတဲ့  မြို့တော် ဘာလင်က အဆောက်အဦ ၈ ခုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ အစောပိုင်းမှာ စီးနင်းခဲ့တယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဗလီအဖွဲ့အစည်းထဲက အဆောက်အဦတခု အပါအဝင် စီးနင်းမှုတွေအတွင်း ဖမ်းဆီးမှု ရှိ၊ မရှိတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဆီးရီးယား သမ္မတ ဘတ်ရှား အယ်လ် အာဆတ်ကို တိုက်နေတဲ့ လက်နက်ကိုင် အစ္စလာမစ် အုပ်စုတွေနဲ့ ပူးပေါင်းဖို့ တခြားလူတွေကို လမ်းညွှန်နေတယ်လို့ သံသယရှိတဲ့ အသက် ၅၁ နှစ်အရွယ် မော်ရိုကိုနိုင်ငံသားကို စုံစမ်းစစ်ဆေး နေခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဒါ့အပြင် ဆီးရီးယားကို ရောက်နေလောက်ပြီလို့ ယုံရတဲ့ အသက် ၁၉ နှစ်အရွယ် မက်ဆီဒိုးနီးယား နိုင်ငံသား တယောက်အကြောင်းကိုလဲ စုံစမ်း စစ်ဆေးနေပါတယ်။ ဘာလင် ရဲပြောခွင့်ရ စတီဖန် ရဒ်လစ်ခ်ျက တော့ သံသယရှိသူတွေဟာ ဂျာမနီနိုင်ငံမှာ တိုက်ခိုက်ဖို့ ပြင်ဆင်ထားခဲ့တယ်လို့ ယုံစရာ ဘာ အကြောင်းပြချက်မှ မရှိနေဘူးလို့ ပြောခဲ့ပါတယ်။
6 years Ago
Up