အိန္ဒိယနိုင်ငံရဲ့ စက်မှုခရိုင် ဘာရုချ်က ပြည်ပတင်ပို့ကုန်တွေ အဓိကထုတ်လုပ်တဲ့ စက်ရုံတွေကို ပြန်ဖွင့်ဖို့ ဧပြီ ၂၅ ရက်က အစိုးရက ခွင့်ပြုခဲ့တဲ့အတွက် ထုတ်လုပ်မှုတွေ ပြန်စနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ရေးအတွက် ကမ္ဘာ့အကြီးဆုံး အသွားအလာ ကန့်သတ်မှု လော့ဒေါင်းဖြစ်ခဲ့တဲ့ အိန္ဒိယမှာ အချိန် ၁ လကျော်အတွင်း ပထမဆုံး ပြန်စတာပါ။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ဇာတိမြေ ဂူဂျာရတ်မှာ အာဏာပိုင်တွေက ဧပြီ ၂၅ ရက်နေ့က စပြီး ကုမ္ပဏီပေါင်း ၂၅၀၀ ကို ဝန်ထမ်းအင်အား တဝက်နဲ့ ပြန်စဖို့ ခွင့်ပြုခဲ့ပါတယ်။
ဒါပေမယ့် ဝန်ထမ်းတွေဟာ မျက်နှာဖုံးတွေ လက်အိတ်တွေဝတ်ပြီး သင့်တော်အောင် လူချင်းခွာနေရတာတွေ ဆက်လုပ်ဖို့ လိုပါတယ်။
စက်မှုအုပ်စုဝင်တွေကလည်း လှုပ်ရှားမှုတွေ တစိတ်တပိုင်း ပြန်ဖွင့်တာကို ကြိုဆိုပါတယ်။
ဒါပေမယ့် လုပ်ငန်းအများအပြားက ကုန်ကြမ်းပြတ်နေပြီး လုပ်သားတွေရဲ့ လှုပ်ရှားမှုကို ရဲတွေက ကန့်သတ်ထားလို့ လုပ်ငန်းတွေ အဆင်မပြေ မချောမွေ့ ဖြစ်နေပါတယ်။
အိန္ဒိယနိုင်ငံမှာ ဧပြီ ၂၅ ရက် အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၂၇၀၀၀ နီးပါး ရှိပြီး ကူးစက်ခံ ၈၂၆ ယောက် သေဆုံးခဲ့ပြီးပါပြီ။
အာဏာပိုင်တွေကတော့ အသွားအလာကန့်သတ်မှု လုပ်ဆောင်ချက်တွေကို လိုက်နာမှု ရှိမရှိ အာရုံစိုက် ကြပ်မတ်မယ့် အဖွဲ့တွေကို ဖွဲ့စည်းခဲ့ပြီးပါပြီ။
10 months Ago