ဘာရိန်းတိုက်လေယာဉ်တစီး ဆော်ဒီနိုင်ငံထဲ ပျက်ကျ (ရုပ်သံ)

December 31, 2015

ဘာရိန်းတိုက်လေယာဉ်တစီး ဆော်ဒီနိုင်ငံထဲ ပျက်ကျ (ရုပ်သံ)

ယီမင်နိုင်ငံတွင်းက အာရပ်ပင်လယ်ကွေ့ ညွန့်ပေါင်းတပ်ထဲမှာပါတဲ့ ဘာရိန်း တိုက်လေယာဉ်တစီး ဆော်ဒီအာရေဗျနိုင်ငံထဲကို ဒီဇင်ဘာ ၃၀ ရက်နေ့က ပျက်ကျခဲ့တယ်လို့ ညွန့်ပေါင်းတပ်က ကြေညာချက်ထုတ်ကြောင်း ဆော်ဒီအစိုးရ သတင်းဌာနက ပြောပါတယ်။ လေယာဉ်က စက်ပိုင်းချို့ယွင်းပြီး ဆော်ဒီတောင်ပိုင်း ဂျိဇန်ဒေသထဲကို ပျက်ကျခဲ့တယ်၊ လေယာဉ်မှူးကတော့ ရှင်သန် ကျန်ရစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။ အသေးစိတ် အချက်အလက်ကိုတော့ မဖော်ပြပါဘူး။ ယီမင်နိုင်ငံတွင်း အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီလှုပ်ရှားမှုကို ဆော်ဒီခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက ၉ လကြာ ဗုံးကြဲမှုမှာ ဘာရိန်းနိုင်ငံလည်း ပါပါတယ်။ ပဋိပက္ခ စတင်ချိန်တည်းက ခုထိ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေက မြေပြင်တပ်တွေလည်း သေဆုံးခဲ့ပါတယ်။ ဆော်ဒီအာရေဗျ အစိုးရက ယီမင်နိုင်ငံတွင်းက ပစ်လွှတ်လိုက်တဲ့ စကဒ်ဒုံးကျည်တစီးကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့က ပြောကြောင်း ဆော်ဒီအစိုးရ မီဒီယာ အက်စ်ပီအေက ကြေညာချက် ထုတ်ပြန်ပါတယ်။ ယီမင်နိုင်ငံက ဟူသီတွေ ထိန်းချုပ်ထားတဲ့ အစိုးရသတင်းဌာန စာဘာကတော့ ဂျိဇန်ဆိပ်ကမ်းကို ဦးတည်ပစ်ခတ်ခဲ့ပြီး ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
6 years Ago
Up