ဘာမင်ဟမ်မြို့

September 8, 2020

ဘာမင်ဟမ်မြို့တွင်ဖြစ်ပွားသည့် ဓားထိုးမှုတွင် သံသယရှိ အမျိုးသား  ၁ ဦးဖမ်းမိ

ဗြိတိန်နိုင်ငံ ဘာမင်ဟမ်မြို့မှာ စက်တင်ဘာ ၆ ရက် မနက်ပိုင်းက လူတယောက် သေပြီး ၇ ယောက် ဒဏ်ရာရတဲ့ အထိ ဓားနဲ့ ဆက်တိုက် ထိုးမှုဖြစ်အပြီး  လူသတ်မှု သံသယနဲ့ အမျိုးသားတယောက်ကို ဖမ်းခဲ့တယ်လို့ ဗြိတိန်ရဲတွေက ပြောပါတယ်။ အသက် ၂၇ နှစ်အရွယ် သံသယရှိသူကို မြို့တွင်း ဆယ်လီအုတ်ခ် အရပ်မှာ ဖမ်းမိတာလို့ ဝက်စ်မစ်ဒ်လန်းစ်မြို့နယ် ရဲတွေက ပြောပါတယ်။ အချိန်၂ နာရီအတွင်း လေးနေရာမှာ ဓားထိုးမှု ဖြစ်ခဲ့ပေမဲ့ ကြုံသလို ထိုးတာ ဖြစ်ပုံရပြီး ဂိုဏ်းတွေ ဒါမှမဟုတ် အကြမ်းဖက် ဝါဒတွေနဲ့ ပတ်သက်ပုံ မရဘူးလို့ စုံထောက်တွေက ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပြီး သက်သေတွေ ထွက်ဆိုပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ ဘာမင်ဟမ် ရဲတပ်ဖွဲ့ ရဲမှူး စတိဗ် ဂရေဟမ်က ပြောပါတယ်။  အသက် ၂၃ နှစ်အရွယ် အမျိုးသားတယောက် ဓားထိုးခံရလို့ သေဆုံးပြီး အသက် ၁၉ နှစ်နဲ့ ၃၂ နှစ် အသီးသီး ရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး တယောက်စီကတော့ အသည်းအသန် အခြေအနေမှာ ရှိနေပါတယ်။ တခြား ဒဏ်ရာရသူ ၅ ယောက်ကတော့ ဒဏ်ရာ မပြင်းထန်ဘူးလို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။ 
1 year Ago
Up