ဘာမင်ဂမ်

January 22, 2020

၁၆ နှစ်အရွယ် ဘာမင်ဂမ် ကွင်းလယ်ကစားသမားကို ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် မန်ယူ ပြင်ဆင်

ဘာမင်ဂမ်အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ဂျူဒ့်ဘယ်လင်ဂမ်အတွက် ပေါင်သန်း ၃၀ ထိပေးပြီး ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက ပြင်ဆင်နေပါတယ်။ အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန် အစရှိတဲ့ အသင်းတွေရဲ့ စိတ်၀င်စားခြင်းကိုခံနေရတဲ့ ဘယ်လင်ဂမ်ကို ယူနိုက်တက်တို့က ကြေးကြီးပေး ကမ်းလှမ်းပြီး လက်ဦးမှု အရယူဖို့လည်း ရှိနေတာပါ။  ဘယ်လင်ဂမ်ဟာ ၂၅ ပွဲ ကစားပြီး ၄ ဂိုးသွင်းယူကာ ၁ ဂိုး ဖန်တီးပေးထားတဲ့ ကွင်းလယ်ကြယ်ပွင့်တဦးလည်း ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ရက်ကမှ ဘာမင်ဂမ်အသင်းရဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံးဂိုး သွင်းယူသူ ဖြစ်လာခဲ့တဲ့ ဘယ်လင်ဂမ်သာ ယူနိုက်တက်အသင်းဆီ ရောက်ရှိခဲ့မယ်ဆိုရင် မန်ယူနိုက်တက်ရဲ့ အသက်အငယ်ဆုံး ကစားသမားတဦး ဖြစ်လာဖို့ ရှိနေပါတယ်။
1 year Ago

January 18, 2020

မန်ယူက ဘာမင်ဂမ် လူငယ်ကစားသမားကို ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာမင်ဂမ်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဂျိတ်ဘဲလ်လင်ဟမ်ကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ Metro သတင်းမှာ ဖော်ပြပါတယ်။  ဘဲလ်လင်ဟမ်ဟာ အသက် ၁၆ နှစ်အရွယ်သာ ရှိသေးတာ ဖြစ်ပေမယ့် အခုရာသီမှာ ချန်ပီယံရှစ်ကလပ်အသင်းအတွက် ၂၄ ပွဲ ပွဲထွက်ခွင့် ရရှိထားသူပါ။  သူ့ဟာ ပွဲထွက်ခွင့်ရတိုင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်သူ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။ အဲဒီထဲမှာ ကွင်းလယ်အင်အားကို ဖြည့်ဆည်းလိုတဲ့ ယူနိုက်တက်အသင်းလည်း ပါဝင်နေတာ ဖြစ်ပြီး ဆိုးလ်ရှားရဲ့ အသင်းဟာ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ကိုလည်း ခေါ်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။  ဘဲလ်လင်ဟာလည်း ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်တွေထဲက တခုဖြစ်လာခဲ့ပြီး ဒီလူငယ်ကစားသမားဟာ အသင်းကို ကာလရှည် အကျိုးဖြစ်ထွန်းနိုင်သူလို့ သတ်မှတ်ထားပါတယ်။ သတင်းတွေမှာ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဒီကွင်းလယ်လူကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပြီးတော့ ဒါဟာ ပြိုင်ဘက် အာဆင်နယ်အသင်းထက် လက်ဦးမှုရအောင် ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။  ဘဲလ်လင်ဟမ်ဟာ အခုရာသီအစကတည်းက ဘာမင်ဂမ်အသင်းမှာ ပွဲထွက်ခွင့် ရခဲ့သူဖြစ်ပြီး သူဟာ အသင်းသမိုင်းတလျှောက် အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ဒီကစားသမားဟာ ဥရောပအသင်းကြီးတချို့ရဲ့ စောင့်ကြည့်ခြင်း ခံနေရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလ နှစ်ခုမှာ ဗြိတိန် ကစားသမားတွေကို အရခေါ်ယူလေ့ရှိတာကြောင့် ဘဲလ်လင်ဟမ်ဟာလည်း အသင်းကို ရောက်ရှိလာနိုင်တယ်လို့ ယူဆရပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ဟယ်ရီမက်ဂွိုင်းယား၊ အာရွန်ဝမ် ဘစ်ဆာကာနဲ့ ဒန်နီယယ်ဂျိမ်းစ်တို့ကို ခေါ်ယူထားခဲ့ပြီး နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်ကစားသမား လောင်းစတက်ဖ်နဲ့ လက်စတာစီးတီးရဲ့ ဂျိမ်းစ်မက်ဒီဆင်တို့ကိုလည်း ခေါ်ဖို့ ပစ်မှတ်ထားနေပါတယ်။ ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်သစ် ဘဲလ်လင်ဟမ်ဟာ အင်္ဂလန် ယူ-၁၆ အသင်းအတွက်လည်း သုံးပွဲ ပွဲထွက်ခွင့်ရရှိထားသူ ဖြစ်ပါတယ်။
1 year Ago
Up