မန်ချက်စတာဒါဘီ အပါအဝင် စိတ်ဝင်စားဖွယ် ပွဲကောင်းတွေ ပါဝင်နေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ကို ပရီးမီးယာလိဂ်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အခုလိုပဲ ခန့်မှန်းပေးခဲ့ပါတယ်။
ဝုဗ်-အက်စတွန်ဗီလာ
ဒါဟာ နှစ်သင်းစလုံးအတွက် အမှားမခံတဲ့ ပွဲတစ်ပွဲပါ။ ဝုဗ်အသင်းက နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ လီဗာပူးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့ကြောင့် ဗီလာနဲ့ပွဲမှာ အရှေ့ပွဲက ရလဒ်ဆိုးရွားခဲ့မှုကို ချေဖျက်ဖို့အတွက် သေချာပေါက် ပြင်ဆင်လာမှာ ဖြစ်ပါတယ်။ တဘက်မှာလည်း ဗီလာအသင်းက အခုနောက်ပိုင်းပွဲတွေ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။
ဒါပေမဲ့ ဒီနှစ်သင်းမှာ အရှုံးရလဒ်ကို ချေဖျက်မယ့် ဝုဗ်အသင်းက ပိုပြီးအားသာနေတယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ဒီပွဲရလဒ်မှာ ဝုဗ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားနိုင်ပါတယ်။
နယူးကာဆယ် - ဝက်စ်ဘရွန်း
အရင်က ပြောခဲ့သလိုပါပဲ။ အခုရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့်အသင်း ၃ သင်းထဲမှာ ဝက်စ်ဘရွန်းက တသင်းအပါအဝင် ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ သူတို့ ကစားပုံဟာ အကောင်းဆုံးပုံစံမှာ ရှိမနေသေးပါဘူး။ နယူးကာဆယ်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပြီးခဲ့တဲ့သီတင်းပတ်မှာ ကန်မယ့်ပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။
ကစားသမားတွေ၊ ဝန်ထမ်းတွေကြားမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ ရှိနေပေမယ့် ဒီပွဲမှာ နယူးကာဆယ်က ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိမယ်လို့ ထင်ပါတယ်။
မန်ချက်စတာယူနိုက်တက် - မန်စီးတီး
ဒါဟာ အခုသီတင်းပတ်ရဲ့ အကောင်းဆုံးပွဲပါ။ ယူနိုက်တက်အနေနဲ့ ပက်ရဲ့အသင်းကို ပြီးခဲ့တဲ့ ပွဲတွေက ပထမပိုင်း ကစားပုံအတိုင်းပဲ ကစားမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုမှ ရလဒ်ကောင်းတွေ ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ လိုအပ်ချက်ကို ပြင်ဆင်ပြီး နောက်ကနေ လိုက်ကစားရမယ့် အခြေအနေကို မရောက်သွားဘူးဆိုရင် သူတို့အတွက် အိုကေနိုင်ပါတယ်။
ဒါပေမဲ့ တဘက်မှာလည်း ပြိုင်ဘက် မန်စီးတီးအသင်း ဖြစ်နေပါတယ်။
ချန်ပီယံလိဂ် အရှုံးကို ရုန်းထွက်ဖို့ ဒီပွဲဟာ သူတို့အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်နေပေမဲ့ အနိုင်ရမယ့်အသင်းကတော့ မန်စီးတီးကိုပဲ ရွေးချယ်သင့်ပါတယ်။ မန်စီးတီးက ၂ ဂိုး ၁ ဂိုးလောက်နဲ့ အနိုင်ရရှိသွားနိုင်ပါတယ်။
အဲဗာတန် - ချဲလ်ဆီး
အန်ဆယ်လော့တီရဲ့ အသင်းဟောင်းနဲ့ တွေ့ဆုံမယ့်ပွဲဟာလည်း ဒီတပတ်ရဲ့ စိတ်ဝင်စားစရာ ပွဲတပွဲအဖြစ် ရှိနေပါတယ်။
ဒါပေမဲ့ တဘက်မှာလည်း ချဲလ်ဆီးအသင်းက အားနည်းချက်ဆိုတာ မရှိသလောက်ကို ကောင်းနေပါတယ်။
ကတ်ဗင်လီဝိန်းက အဲဗာတန်အသင်းအတွက် ဂိုးတွေ ဆက်တိုက်သွင်းယူပြီး အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ပွဲမှာလည်း လမ်းပတ်ရဲ့အသင်းကို ဒုက္ခပေးဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ချဲလ်ဆီးအသင်းဘက်က သူ့ကို ထိန်းချုပ်သွားဖို့ လိုအပ်ပြီး တဘက် ၁ ဂိုးစီ သရေရလဒ်ဟာ ၂ သင်းစလုံးအတွက် မျှတမယ်လို့ ထင်ပါတယ်။
ဆောက်သမ်တမ် - ရှက်ဖီးလ်
ဆောက်သမ်တန်အသင်းက ရလဒ်တွေ ကောင်းမွန်နေပြီး အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းမှာ ရှိနေပေမယ့် ရှက်ဖီးလ်အသင်းရဲ့ အနေအထားကတော့ သူနဲ့ဆန့်ကျင်ဘက်မှာ ရှိနေပါတယ်။
ဒါပေမဲ့ ရလဒ်ကိုတော့ ရှက်ဖီးလ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားမယ်လို့ ယူဆရပါတယ်။
ခရစ္စတယ်ပဲလေ့စ် - စပါး
စပါးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်နိုင်တဲ့အသင်းတသင်း ဖြစ်လာနေပြီး ဖလားရရှိဖို့ အတွက်ဆိုရင် ဒီလိုပွဲမျိုးကို အနိုင်ရရှိဖို့ လိုအပ်ပါတယ်။
အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ဆိုရင် မော်ရင်ဟိုအနေနဲ့ ပွဲတိုင်းမှာ ၃ မှတ်ရရှိဖို့ လိုအပ်ပြီး ခြေစွမ်းကောင်းခြင်း၊ မကောင်းခြင်းထက် အနိုင် ၃ မှတ်က ပိုအရေးကြီးပါတယ်။
ဒီလိုသာလုပ်နိုင်နေမယ်ဆိုရင် အခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဟာ စပါးအသင်း ဖြစ်ခဲ့ရင်လည်း အံ့သြစရာဖြစ်လာမှာ မဟုတ်ပါဘူး။ စပါးအသင်းကပဲ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားနိုင်ပါတယ်။
ဖူဟမ် - လီဗာပူး
စာရွက်ပေါ်က လူစာရင်းကို ကြည့်မယ်ဆိုရင် နှစ်သင်းကြားမှာ ကွာဟချက်က ကြီးကြီးမားမား ရှိနေမှာပါ။
လီဗာပူးအသင်းက သူတို့ရဲ့တတိယဦးစားပေး ဂိုးသမားကို သုံးမယ်ဆိုရင်တောင် သူတို့အသင်းက ပိုပြီးအားသာနေမှာ သေချာပါတယ်။ လီဗာပူးအသင်း အဘက်ဘက်က အသာရရှိနေတဲ့ ဒီပွဲအတွက် ကျနော့်ရဲ့ ခန့်မှန်းချက်ကတော့ လီဗာပူး ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိမှာပါ။
လက်စတာ - ဘရိုက်တန်
ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်က ပြောင်းပြန်ဖြစ်နေတယ်လို့ ပြောရမှာပါ။
သူတို့က ပွဲစဉ်တချို့မှာ ခြေစွမ်ကောင်းကို ထုတ်ပြနိုင်ပေမယ့် ရလဒ်ကတော့ ဆိုးရွားခဲ့ပါတယ်။
လက်စတာဘက်မှာတော့ အဓိကတိုက်စစ်မှူး ဘာဒီ ဂိုးပေါက်ပြန်တွေ့နေပြီး ပွဲချိန် နောက်ဆုံးမိနစ်မှာတောင် သူက ဂိုးသွင်းဖို့အဆင်သင့်ရှိနေပါတယ်။ ဒါ့ကြောင့် ဒီပွဲရဲ့အဖြေက ၂ ဂိုး ၁ ဂိုးနဲ့ လက်စတာနိုင်ပါမယ်။
အာဆင်နယ် - ဘန်လေ
အာဆင်နယ်သာ ဘန်လေကို ရှုံးခဲ့မယ်ဆိုရင် နည်းပြအာတီတာနဲ့ အသင်းအတွက် ဖိအားတွေဟာ ပိုတိုးလာမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အာဆင်နယ်အသင်းဟာ ဘန်လေအသင်းကို မဖြစ်မနေ အနိုင်ကန်ရမှာ ဖြစ်ပါတယ်။
အားထားရတဲ့ တိုက်စစ်မှူး အူဘာမီယန်း ဂိုးပေါက်ပျောက်နေပေမယ့် ဒီပွဲကို အာဆင်နယ်အသင်းက ၂ ဂိုးပြတ်နဲ့ နိုင်ပါမယ်။
3 months Ago