ဘာဘရာဘုရှ်

April 18, 2018

အမေရိကန်သမ္မတကတော်ဟောင်း ဘာဘရာဘုရှ် ကွယ်လွန်

အမေရိကန်သမ္မတကတော်ဟောင်း ဘာဘရာဘုရှ်ဟာ ဧပြီ ၁၇ ရက်နေ့က ကွယ်လွန်သွားကြောင်း ဘုရှ်မိသားစုက ပြောပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မစ္စစ်ဘုရှ်ဟာ ၁၉၈၉ ကနေ ၁၉၉၃ ခုနှစ်အတွင်း အမေရိကန်သမ္မတဖြစ်ခဲ့သူ ဂျော့ခ်ျဘုရှ်ရဲ့ ကတော်ဖြစ်ပါတယ်။ သားဖြစ်သူ ဂျော့ခ်ျဒဗလျူဘုရှ်ဟာလည်း ၂၀၀၀ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၃ ယောက်မြောက် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ သူဟာ ခင်ပွန်းရော သားဖြစ်သူပါ အမေရိကန်သမ္မတ ဖြစ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီး ဖြစ်ပါတယ်။ အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျဘုရှ်က “ကျေန်ာနဲ့ ဘာဘရာကတော့ ကျနော်တို့မိတ်ဆွေကြီး မစ်ရွန်နေးကို ထောက်ခံကြောင်း ဂုဏ်ယူစွာ ပြောကြားပါတယ်။ မစ်ရွန်နေးဟာ လူကောင်းတဦးဖြစ်ပြီး သမ္မတကောင်းတဦး ဖြစ်မှာပါ။ ကျနော်တို့ သူ့ကို သမ္မတဖြစ်စေချင်တယ်” လို့ ရီပတ်ဘလီကန် သမ္မတလောင်း မစ်ရွန်နေးကို ထောက်ခံပြောကြားခဲ့ပါတယ်။ ဘာဘရာဘုရှ်ဟာ ကာလအတော်ကြာ ကျန်းမာရေး ဆိုးရွားခဲ့ပြီး နောက်ထပ် ဆေးဝါးကုသမှုခံယူဖို့ ငြင်းဆန်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up