ဘာနေဗျူးမှာ

A d v e r t i s e m e n t With Us

March 2, 2020

ဘာနေဗျူးမှာ ဘယ်အချိန်ရှုံးရှုံး ကျနော်တို့အတွက် နာကျင်ရပါတယ် - ဂျရတ်ပီကေး

ဘာစီလိုနာအသင်းဟာ ဘာနေဗျူးကွင်းမှာ ရီးရဲလ်အသင်းကို ရှုံးနိမ့်ခဲ့တာဟာ အခွင့်အရေးတွေ လွဲချော်ခဲ့တာကြောင့်ဖြစ်ပြီး ပြိုင်ပွဲက မပြီးဆုံးသေးဘူးလို့ဘာကာနောက်ခံလူ ဂျရတ်ပီကေးကပြောပါတယ်။ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ အယ်လ်ကလက်စီကို ပွဲစဉ်အပြီးမှာ အခုလိုပြောဆိုလိုက်တာပါ။ ဗင်နီစီးယပ်ဂျူနီယာနဲ့ မာရီယာနိုဒီရတ်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာ သုံးမှတ်ရရှိခဲ့ပြီး လာလီဂါအမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ရီးရဲလ်အသင်းရဲ့ပထမပိုင်း ခြေစွမ်းဟာ ဆိုးရွားခဲ့ကာ ဒီအခြေအနေကို အသုံးချနိုင်ခဲ့ခြင်းမရှိတဲ့အတွက် စိတ်ပျက်မိတယ်လို့ ပီကေးကပြော ပါတယ်။  “ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပထမပိုင်းခြေစွမ်းဟာ ကျနော် ဘာနေဗျူးမှာ ရင်ဆိုင်ခဲ့ဖူးသမျှ အဆိုးရွားဆုံးပါပဲ။ သူတို့ကိုဒုက္ခရောက်အောင်လုပ်ဖို့ ကျနော်တို့ အခွင့်အရေးတွေကို လွဲချော်ခဲ့ပါတယ်။ ကျနော်တို့ ဒုတိယပိုင်းမှာ ပိုကောင်းအောင် ကစားသင့်ခဲ့ပေမယ့် ‌ဘောလုံးဆုံးရှုံးမှုတွေကြောင့် သူတို့ရဲ့ ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ကျနော်တို့အားလုံးမှာ ကိုယ့်ပြဿနာကိုယ်စီရှိနေတာပဲလေ။ ဒါပေမယ့် ကျနော်တို့အတွက်ကတော့ အရေးပါတဲ့ အခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။” တနင်္ဂနွေနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာ အသင်းကို တမှတ်အသာနဲ့ ဇယားထိပ်ကို ပြန်လည်ရောက်ရှိခဲ့ပေမယ့် ချန်ပီယံဆုအတွက်ပြိုင်ပွဲက မပြီးဆုံးသေးဘူးလို့ ပီကေးကပြောပါတယ်။ “ “ကျနော်တို့မှာ တိုးတက်ဖို့အလားအလာတွေရှိနေဆဲဖြစ်ပြီး ရာသီကုန်အထိ ကျနော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့မယ်ဆိုရင် ကျနော်တို့ လာလီဂါဖလား ကိုသိမ်းပိုက်နိုင်ဖို့ အခွင့်အ‌ရေး ရှိနေပါသေးတယ်‌။ ဘာနေဗျူးမှာ ဘယ်အချိန်ရှုံးရှုံး ကျနော်တို့အတွက်နာကျင်ရပါတယ်။ ဘာလို့လဲ ဆိုဒီပွဲနဲ့ ဒီရမှတ်တွေက ကျနော်တို့အတွက် အရေးပါလို့ဖြစ်ပါတယ်။”
1 year Ago
Up